إعدادات العرض
ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည်…
ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးအား မိန့်ကြားတော်မူခဲ့သည်။ အိဗ်နုအဗ္ဗာစ်သည် သူမ၏နာမည်ကို ပြောပြခဲ့သော်လည်း ကျွန်တော် သူမနာမည်ကို မေ့သွားခဲ့သည်။ ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်း။ သူမကလျှောက်ထားသည်မှာ ကျွန်မတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိပါသည်။ သူမသား၏ ဖခင်နှင့် သူမသားသည် ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့သည်။ ရေသယ်ရန်အတွက် ကုလားအုတ်တစ်ကောင်ကို ကျွန်မတို့အတွက် ချန်ထားခဲ့ပါသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Kurdî മലയാളം Kiswahili Português සිංහල دری Svenska অসমীয়া Yorùbá Кыргызча ગુજરાતી नेपाली Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Wolof Moore Lietuvių ქართული Українська Čeština Magyar Македонски Azərbaycan Русский Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟဂ်ျဂျသုလ်ဝဒအ်မှ ပြန်လာသည့်အခါ ဟဂ်ျမပြုလုပ်ခဲ့သည့် အန်ဆွာရီအမျိုးသမီးတစ်ဦးအား ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်းဟု မေးမြန်းတော်မူခဲ့သည်။ သူမက အကြောင်းပြချက်တင်ပြသည်မှာ သူမတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိသည်။ သူမ၏ခင်ပွန်းနှင့် သားမှာ ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့ပြီး ကျန်တစ်ကောင်အား ရေတွင်းမှ ရေသယ်ရန်အတွက် ထားခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအား ရမဿွာန်လတွင် အွမ္မရဟ် ပြုလုပ်ခြင်း၏ အကျိုးကုသိုလ်သည် ဟဂ်ျပြုလုပ်ခြင်း၏ အကျိုးကုသိုလ်နှင့် ညီမျှကြောင်း မိန့်ကြားတော်မူခဲ့သည်။فوائد الحديث
ရမဿွန်လ၌ အွမ္မရဟ်လုပ်ခြင်း၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
ရမဿွန်လ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျ ပြုလုပ်သည့် အကျိုးကုသိုလ်နှင့် ညီမျှသည်။ သို့သော် ဟဂ်ျဖရ်ဿ်ွတာဝန် မကျေပွန်သွားပါ။
အချိန်ကာလ၏မွန်မြတ်မှု တိုးပွားလာမှုကြောင့် အမလ်ကောင်းမှုများ၏ အကျိုးကုသိုလ်သည်လည်း တိုးပွားလာသည်။ ထိုထဲတွင် ရမဿွာန်လမြတ်၏ ကောင်းမှုများလည်း ပါဝင်သည်။
التصنيفات
ဟဂ်ျနှင့်အွမ်ရဟ်၏ ထွတ်မြတ်မှု။