إعدادات العرض
အကယ်၍ သူသည် (ပြောခဲ့သည့်အတိုင်း ) အမှန်တကယ်လိုက်နာခဲ့လျှင် သူသည် အောင်မြင်သွားပေလိမ့်မည်" ဟု…
အကယ်၍ သူသည် (ပြောခဲ့သည့်အတိုင်း ) အမှန်တကယ်လိုက်နာခဲ့လျှင် သူသည် အောင်မြင်သွားပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။
သွလ်ဟဟ် ဗင်န် အုဗိုင်ဒုလ္လာဟ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ နဂျဒ်ဒေသခံ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာခဲ့သည်။ သူ၏ဆံပင်များသည် ရှုပ်ပွနေပြီး သူ၏ကျယ်လောင်သောအသံကို ကျွန်ုပ်တို့ကြားနေရသော်လည်း သူပြောနေသည်ကို နားမလည်ကျပေ။ နောက်ဆုံးတွင် ထိုသူသည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အနီးသို့ ရောက်ရှိလာသောအခါ သူသည် အစ္စလာမ်အကြောင်းကို မေးမြန်းနေသည်ကို တွေ့ရှိရသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "တစ်ရက်နှင့် တစ်ညတွင် ဆွလာသ်ငါးကြိမ် ဝတ်ပြုရမည်" ဟု ဖြေကြားခဲ့သည်။ ထိုလူက "ဤဆွလာသ်ငါးကြိမ်အပြင် (အခြားဆွလာသ် တစ်စုံတစ်ရာ ဝတ်ပြုရန် ) ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထား မေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပိုဆောင်းဝတ်ပြုသည့်) ဆွလာသ်များ ဝတ်ပြုနိုင်သည်။ ထို့နောက် "ရမဿွာန်လ၏ ရိုဇဟ်ဥပုသ် စောင့်ထိန်းခြင်းဖြစ်သည်" ဟု မိန့်ကြားခဲ့သည်။ ထိုလူက "ဤ ရမဿွာန်လ၏ ရိုဇဟ်ဥပုသ် စောင့်ထိန်းခြင်းအပြင် (အခြား ရိုဇဟ်ဥပုသ် တစ်စုံတစ်ရာကိုစောင့်ထိန်းရန်) ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပိုဆောင်း စောင့်ထိန်းသည့်) ရိုဇဟ်ဥပုသ်များ စောင့်ထိန်းနိုင်သည်" ဟု ဖြေကြားခဲ့သည်။ ထို့နောက် အလ္လာဟ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဇကာသ်အကြောင်းကို ထိုလူအား တင်ပြမိန့်ကြားခဲ့သည်။ ထိုလူက "ဤဇကာသ်အပြင် (အခြား ဆွဒ်ကဟ်) တစ်စုံတစ်ရာ ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပို ဆောင်း ပေးကမ်းလှူဒါန်းသည့်) ဆွဒ်ကဟ်များ ပေးနိုင်သည်" ဟု မိန့်ကြားခဲ့သည်။ သွလ်ဟဟ် ( ရဿွိယလ္လာဟု အန်ဟု )က ပြောပြခဲ့သည်။ ထိုလူသည် "အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ကျွန်ုပ်သည် ဤပမာဏထက် ပို၍လည်းမလုပ်၊ လျှော့၍လည်းမလုပ်ပါ" ဟု ဆိုကာ ကျောခိုင်း၍ ထွက်ခွာသွားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "အကယ်၍ သူသည် (ပြောခဲ့သည့်အတိုင်း ) အမှန်တကယ်လိုက်နာခဲ့လျှင် သူသည် အောင်မြင်သွားပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။
الترجمة
العربية Bosanski English Español فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી Hausa नेपाली Română മലയാളം Nederlands Soomaali తెలుగు پښتو Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof Malagasy বাংলা Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ ភាសាខ្មែរ Tagalog Shqip தமிழ்الشرح
နဂျဒ်ဒေသခံ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏ဆံပင်များမှာ ရှုပ်ထွေးနေပြီး အသံမှာလည်း ကျယ်လောင်ကာ ၎င်းပြောသောစကားကို နားလည်ရန် ခက်ခဲသည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ အနားသို့ လာရောက်ခဲ့ပြီး အစ္စလာမ့်တာဝန်ဝတ္တရားများနှင့် ပတ်သတ်၍ မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွလာသ်ဝတ်ပြုခြင်းဖြင့် အစပြုတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းအပေါ်၌ နေ့စဥ်တစ်ရက်နှင့် တစ်ညတွင် ဆွလာသ်ငါးကြိမ်ဝတ်ပြုရန် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ဤဆွလာသ်ငါးကြိမ်အပြင် ကျွန်ုပ်အပေါ် အခြားဆွလာသ်တစ်စုံတစ်ရာကို ဝတ်ပြုရန် တာဝန်ရှိပါသေးသလား” ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ဆွလာသ်များကို အပို ဆောင်း ဝတ်ပြုခြင်းမှလွဲ၍ အခြားဆွလာသ်တစ်စုံတစ်ရာ ဝတ်ပြုရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “ သင့်အပေါ်၌ အလ္လာဟ်အရှင်မြတ် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူသည့်အရာများအနက် ရမဿွာန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းလည်း အပါအဝင်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ရမဿွန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းအပြင် ကျွန်ုပ်အပေါ် အခြားသော ရိုဇဟ်ဥပုသ်တစ်စုံတစ်ရာ ထပ်မံ စောင့်ထိန်းရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ရိုဇဟ်များကို အပိုဆောင်းထားခြင်းမှလွဲ၍ အခြား ရိုဇဟ်တစ်စုံတစ်ရာထပ်မံထားရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သူ့အား ဇကာသ်ပေးဆောင်ခြင်းအကြောင်းကို တင်ပြမိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ဖရဿွ်ဇကာသ်အပြင် ကျွန်ုပ်အပေါ် အခြားသော စွဒ်ကဟ်ဒါနတစ်စုံတစ်ရာ ထပ်မံပေးဆောင်ရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ် စွဒ်ကဟ်ဒါနများကို အပိုဆောင်းပေးကမ်းခြင်းမှလွဲ၍ အခြားစွဒ်ကဟ်ဒါန တစ်စုံတစ်ရာပေးဆောင်ရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထိုလူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ ဤဖရဿွ်တာဝန်များကို ကြားပြီးနောက် ကျောခိုင်းထွက်ခွာသွားခဲ့ပြီး “ ကျွန်ုပ်သည် ဤတာဝန်ဝတ္တရားများကို တိုးလည်းမတိုး၊ လျှော့လည်းမလျှော့ဘဲ အတိအကျ လိုက်နာဆောင်ရွက်ပါမည်” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောဆိုခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်း၏ စကားအဆုံးတွင် ဤသို့ မိန့်ကြားတော်မူခဲ့သည်- “ထိုသူသည် မိမိကျိန်ဆိုခဲ့သည့်အတိုင်း အမှန်တကယ်လိုက်နာခဲ့ပါလျှင် ဧကန်မုချ အောင်မြင်သောသူတို့ထဲမှ ဖြစ်လိမ့်မည်။فوائد الحديث
ရရှီအသ်တရားတော်၏ ကျယ်ဝန်းသောအခွင့်ရေးရာနှင့် မုကလ္လဖ် ( ဖရဿ်ွတာဝန်များကို ထမ်းဆောင်ရန် တာဝန်ချမှတ်ခံရသူ ) များအတွက် လွယ်ကူမှုရှိစေခြင်း။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ထိုလူအား ကောင်းမွန်စွာ ဆက်ဆံတော်မူခြင်း - သူ့အား မိမိအနားသို့ ချဉ်းကပ်ခွင့်ပေးခြင်းနှင့် မေးမြန်းခွင့်ပြုခြင်း။
အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဒအ်ဝသ် ပေး ဖိတ်ခေါ်ရာတွင် အရေးအကြီးဆုံးအချက်ကို စတင်ဆောင်ရွက်ပြီး ထို့နောက်မှတစ်ဆင့် အရေးကြီးသည်အလိုက် အစဉ်အတိုင်း ဆောင်ရွက်ခြင်း။
အစ္စလာမ်သည် အကီဒဟ်ယုံကြည်ချက်နှင့် လက်တွေ့အမလ်လုပ်ရသည့် သာသနာပင်ဖြစ်သည်။ အီမာန်ယုံကြည်မှုမရှိဘဲ အမလ်သည်အကျိုးမရှိနိုင်သလို၊ အမလ်ကျင့်သုံးမှုမရှိဘဲ အီမာန်ယုံကြည်မှုသည်လည်း အကျိုးမရှိနိုင်။
ဤအမလ်များ ( ဆွလာသ်၊ ရိုဇဟ်၊ ဇကားသ် ) ၏ အရေးပါမှုနှင့် ၎င်းတို့သည် အစ္စလာမ့်မဏ္ဍိုင်များထဲမှ ဖြစ်ခြင်း။
ဂျူမုအဟ်ဆွလာသ်သည် ဖရဿွ်ဆွလာသ်ငါးကြိမ်တွင် ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဝတ်ပြုရန် တာဝန်ရှိသူများ ( အမျိုးသားများ ) အတွက် သောကြာနေ့တွင် ဇုဟုရ်ဆွလာသ်အစား အစားထိုးဝတ်ပြုရသောကြောင့် ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏သင်ကြားမှုကို ရှဟာဒသ်နှစ်ခုပြီးနောက် အစ္စလာမ့်မဏ္ဍိုင်များထဲမှ အရေးအပါဆုံးဖြစ်သော ဖရဿ်ွတာဝန်များဖြင့် အစပြုတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် မွတ်စ်လင်မ်ဖြစ်နှင့်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဟဂျ်ကိုလည်း မဖော်ပြခဲ့ပေ။ အဘယ်
ကြောင့်ဆိုသော် ထိုအချိန်က ဟဂျ်သည် ဖရဿ်ွ မဖြစ်သေးသောကြောင့် သို့မဟုတ် ဟဂျ်၏အချိန်ကာလ မရောက်ရှိသေးသောကြောင့် ဖြစ်သည်။
လူသားသည် တရားတော်၌ မဖြစ်မနေပြုလုပ်ရန် တာဝန်ရှိသည်များကိုသာ ဆောင်ရွက်မည်ဆိုလျှင်လည်း ၎င်းသည် အောင်မြင်သူဖြစ်သည်။ သို့သော် ဤအချက်သည် နဖိလ်အမလ်များ ဆောင်ရွက်ခြင်းမှာ စွန္နသ်မဟုတ်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ကိယာမတ်နေ့တွင် နဖိလ်အမလ်များဖြင့် ဖရဿွ်တာဝန်များသည် (ဖြည့်စွက်)
ပြည့်စုံစေခြင်းခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။
التصنيفات
အစ္စလာမ်သာသနာတော်။