إعدادات العرض
ငါကိုယ်တော်သည် (သွေဖည်ငြင်းပယ်သည့်) လူသားတို့အား ၎င်းတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှအပ…
ငါကိုယ်တော်သည် (သွေဖည်ငြင်းပယ်သည့်) လူသားတို့အား ၎င်းတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း သက်သေခံလာသည်အထိ၊ ဆွလာသ် ဆောက်တည်လာသည်အထိ၊
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် (သွေဖည်ငြင်းပယ်သည့်) လူသားတို့အား ၎င်းတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း သက်သေခံလာသည်အထိ၊ ဆွလာသ် ဆောက်တည်လာသည်အထိ၊ ဇကာသ် ပေးဆောင်လာသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်ကြလျှင် ၎င်းတို့၏ အသက်ခန္ဓာနှင့် ၎င်းတို့၏ အိုးအိမ်စည်းစိမ်များကို ငါကိုယ်တော်ဘက်မှ ကာကွယ်ပြီးဖြစ်သည်။ သို့သော် အစ္စလာမ့် ဥပဒေကို ချိုးဖောက်လျှင် အရေးယူခံရမည်။ ၎င်းတို့အား စာရင်းစစ်ဆးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Shqip Wolof Українська ქართული Moore Magyar Македонски Azərbaycan Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ O‘zbek ភាសាខ្មែរ தமிழ் ms тоҷикӣ Kirundi kmr 日本語 Bambaraالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ မိမိသည် ကာဖိရ်မုရှ်ရိက်များနှင့် ပတ်သက်၍ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်တော်မူသော ဖက်စပ်ယှဉ်တွဲမှုကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့် ကိုးကွယ်ရာအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံလာသည်အထိ၊ ထိုရှဟာဒသ် သက်သေခံမှု၏ တောင်းဆိုချက်ဖြစ်သော နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ်ကို ဆောက်တည်လာသည်အထိ၊ ဖရ်ဿ်ွအဖြစ် သတ်မှတ်ထားသော ဇကာသ်ကို စားထိုက်သူများအား ပေးလာသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရသည်။ ၎င်းတို့အနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်ပါက အစ္စလာမ်သာသနာသည် ၎င်းတို့၏အသက်ခန္ဓာနှင့် ဥစ္စာပစ္စည်းများကို အကာအကွယ် ပေးလိုက်ပြီဖြစ်သောကြောင့် အစ္စလာမ့် ဥပဒေအရ သေဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်သည့်အတွက် သေဒဏ်စီရင်ခြင်းမှလွဲ၍ ၎င်းတို့၏အသက်အား ထိပါးခွင့်လုံးဝမရှိတော့ပါ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးသားထဲရှိ လျှို့ဝှက်ချက်များကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်သောကြောင့် ကိယာမသ်နေ့တွင် ၎င်းတို့အား စာရင်းစစ်ဆေးတော်မူမည်ဖြစ်သည်။فوائد الحديث
အမိန့်ပညတ်ချက်များသည် ပေါ်လွင်ထင်ရှားသည့် အပြင်ပိုင်းနှင့်သာ သက်ဆိုင်သည်။ စိတ်နှလုံးသားထဲရှိ လျှို့ဝှက်ချက်များကို စစ်ဆေးရန် အလ္လာဟ်အရှင်မြတ်က တာဝန်ယူထားတော်မူသည်။
သောင်ဝ်ဟီးဒ် တရားတော်ဘက်သို့ ဖိတ်ခေါ်ခြင်း၏ အရေးကြီးမှုကို ဖော်ပြထားသည်။ ၎င်းသည် ဒအ်ဝဟ် ဖိတ်ခေါ်မှုတွင် ပထမဦးဆုံး စတင်ရမည့် အချက်ဖြစ်သည်။
ဤဟဒီးဆ်တော်သည် ကာဖိရ်မုရှ်ရိက်များကို အစ္စလာမ်သာသနာသို့ အတင်းအကြပ် ဝင်ရောက်စေရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ၎င်းတို့သည် အစ္စလာမ်သာသနာသို့ ဝင်ရောက်ခြင်း သို့မဟုတ် ဂျိဇ်ရဟ် (ကာကွယ်ရေး အခွန်)ပေးဆောင်ခြင်း ကြားတွင်ရွေးချယ်ခွင့်ရှိသည်။ အကယ်၍ ၎င်းတို့သည် ငြင်းဆန်ပြီး အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခြင်းကို တားမြစ်လာပါက အစ္စလာမ့်အမိန့်တော်များကို လိုက်နာရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ခိုက်ခြင်းပင်ဖြစ်သည်။
التصنيفات
အစ္စလာမ်သာသနာတော်။