إعدادات العرض
သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။
သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။
အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်း။]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili ไทย Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල தமிழ் دری Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycan ქართული тоҷикӣ bm Oromooالشرح
“သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။”ဟူသော ဩဝါဒသည် အွမ္မသ်ထုတစ်ရပ်လုံးအား ရည်ညွှန်း၍မိန့်ဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် လူတို့အနက် အကောင်းဆုံးသူမှာ ကုရ်အာန်ကျမ်းမြတ်အား သင်ယူခြင်းနှင့် ပြန်လည်သင်ကြားပေးခြင်း ဟူသည့် အရည်အချင်းနှစ်ရပ်ဖြင့် ပြည့်စုံပင်သူဖြစ်သည်။ ၎င်းသည် ကုရ်အာန်ကျမ်းမြတ်အား အခြားသူထံမှသင်ယူပြီးနောက် အခြားသူများကို ပြန်လည်သင်ကြားပေးသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကုရ်အာန်ကျမ်းမြတ်အား သင်ယူခြင်းသည် အမွန်မြတ်ဆုံးပညာရပ်ပင်ဖြစ်သည်။ ထိုသို့ သင်ယူခြင်း၊ သင်ပေးခြင်းတွင် စကားလုံးများကို သင်ယူခြင်း၊ အဓိပ္ပါယ်များကို သင်ယူခြင်း အားလုံးပါဝင်သည်။ အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်ကို အလွတ်ကျက်မှတ်ပြီး လူတို့အား ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်သည့်နည်းစနစ်ကို သင်ကြားပေးသည်ဖြစ်စေ၊ ကုရ်အာန်ကျမ်းမြတ်အား အလွတ်ကျက်မှတ်ရန် သင်ပြပေးသည်ဖြစ်စေ (စကားလုံးများကို) ပြန်လည်သင်ကြားပို့ချပေးခြင်း၌ အကျုံးဝင်ပေသည်။ မည်သူမဆို အထက်ပါ နည်းလမ်းအတိုင်း ကုရ်အာန်ကျမ်းမြတ်ကို သင်ယူခဲ့လျှင် ထိုသူသည် ကုရ်အာန်(၏စကားလုံးများကို) သင်ယူခြင်းတွင် အကျုံးဝင်သည်။ ဒုတိယအမျိုးအစားမှာ - အဓိပ္ပါယ်(သဖ်စီရ်အကျယ်ဖွင့်ဆိုမှု)ကို သင်ကြားပေးခြင်းဖြစ်သည်။ လူတစ်ဦးသည် ထိုင်ဝိုင်းပြုလုပ်ကာ လူတို့အား အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်အား အကျယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်၍ သင်ကြားပေးခြင်းမျိုးဖြစ်သည်။ လူတစ်ဦးသည် အခြားသူများကို ကုရ်အာန်ကျမ်းမြတ် အကျယ်ဖွင့်ဆိုပုံနှင့် ထိုသို့ဖွင့်ဆိုရန် လိုအပ်သည့် စည်းမျဉ်းဥပဒေများကို သင်ကြားပေးပါက ဤသည် ကုရ်အာန်ကျမ်းမြတ်အား ပြန်လည်သင်ကြားပို့ချခြင်း၌ အကျုံးဝင်ပေသည်။فوائد الحديث
ကုရ်အာန်ကျမ်းမြတ် နှင့် သဂ်ျဝီးဒ်ပညာရပ်အား သင်ယူခြင်းနှင့် သင်ကြားပို့ချခြင်းတို့၏ မွန်မြတ်မှုကို တင်ပြထားသည်။
ကုရ်အာန်ကျမ်းမြတ်တွင်ပါရှိသည့် အမိန့်ပညတ်ချက်များ၊ စည်းကမ်းများ၊ ကိုယ်ကျင့်တရားများကို လိုက်နာကျင့်သုံးခြင်း၏ မွန်မြတ်မှုကို တင်ပြထားသည်။
ပညာရှင်တစ်ဦးသည် ပညာသင်ယူဆည်းပူးပြီးနောက် ပြန်လည်ဖြန့်ချိသင့်သည်။
ကုရ်အာန်ကျမ်းမြတ်၏ အသိပညာတစ်စုံတစ်ရာကို သင်ယူဆည်းပူးသူ၏ မွန်မြတ်မှုနှင့် ထိုသို့သင်ယူဆည်းပူးခဲ့သည့်အတွက် ၎င်းသူ၏ အဆင့်အတန်းမြင့်မားမှုကို တင်ပြထားသည်။