إعدادات العرض
၊ ကိယာမသ်နေ့ အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏…
၊ ကိယာမသ်နေ့ အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်မထံကြွရောက်လာတော်မူသည်။ ထိုအချိန်တွင် ကျွန်မသည် မိမိ၏ ပစ္စည်းသိုလှောင်ခန်းငယ်လေး ( နံရံတွင်ရှိသော အပေါက်သေးသေးလေးတစ်ခု )ကို သက်ရှိရုပ်ပုံများပါသော ကန့်လန့်ကာဖြင့် ကာထားခဲ့သည်။ ၎င်းအား ကိုယ်တော် တွေ့မြင်တော်မူသောအခါ ဆွဲချွတ်ပစ်တော်မူကာ ကိုယ်တော် ၏မျက်နှာတော်မှာ အရောင် ပြောင်းလဲသွားပြီး ဤသို့ မိန့်ကြားတော်မူသည်။ "အို-အာအိရှဟ်၊ ကိယာမသ်နေ့ အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်။" အာအိရှဟ်သခင်မက ပြောပြသည်မှာ - ထိုအခါကျွန်မသည် ထိုအဝတ်ကို ဆုတ်ဖြဲကာ ခေါင်းအုံးတစ်လုံး သို့မဟုတ် နှစ်လုံး ပြုလုပ်လိုက်လေသည်။
الترجمة
العربية Bosanski English Español فارسی Français Indonesia Русский اردو 中文 हिन्दी Hausa Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof ქართული Magyar Moore Українська Shqip Македонски Azərbaycan አማርኛ Malagasy Oromoo বাংলা ไทย Deutsch मराठी ਪੰਜਾਬੀ Türkçe O‘zbek Italiano ភាសាខ្មែរ Tagalogالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အာအိရှဟ်သခင်မ၏ အိမ်သို့ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် သခင်မသည် ပစ္စည်းများထည့်သော သိုလှောင်ခန်းငယ်လေးကို သက်ရှိရုပ်ပုံများပါသော ကန့်လန့်ကာဖြင့် ကာထားသည်ကို တွေ့ရှိတော်မူခဲ့သည်။ တမန်တော်မြတ်သည် အလ္လာဟ်အရှင်မြတ်အတွက် အမျက် ထွက်ကာ မျက်နာတော်၏အရောင်မှာ ပြောင်းလဲသွားကာ မိန့်တော်မူသည်မှာ - ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်။ အာအိရှဟ်သခင်မက ပြောပြသည်မှာ - ထိုအခါကျွန်မသည် (ထိုအဝတ်ကို ဆုတ်ဖြဲကာ) ခေါင်းအုံးတစ်လုံး သို့မဟုတ် နှစ်လုံး ပြုလုပ်လိုက်လေသည်။فوائد الحديث
၁။ မကောင်းမှုကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ချက်ချင်းတားမြစ်ငြင်းပယ်ရမည်ဖြစ်သည်။ ဤသည် ထို့သို့တားမြစ်ခြင်း၌ ပိုမိုကြီးမားသော ပျက်စီးမှုတစ်ခု မဖြစ်ပေါ်သေးသရွေ့ဖြစ်သည်။ (သို့ရာတွင် ယင်းသို့တားမြစ်ခြင်း၌ ပိုမိုကြီးမားသော ပျက်စီးမှုတစ်ခု ဖြစ်ပေါ်စေမည်ဆိုပါက ချက်ချင်းတားမြစ်ခြင်းကို ရှောင်ကြဉ်ရမည်။)
၂။ ကိယာမသ်နေ့တွင် အပြစ်ကြီးမားမှုအလိုက် ပြစ်ဒဏ်ပေးခြင်း၌ မတူညီဘဲကွဲပြားမှုရှိမည်။
၃။ သက်ရှိသတ္တဝါတို့၏ ရုပ်ပုံများ ရေးဆွဲခြင်းသည် ကြီးလေးသောအပြစ် (ဂုနဟ်ကဗီရဟ်) ဖြစ်သည်။
၄။ သက်ရှိရုပ်ပုံများ ရေးဆွဲခြင်းကို တားမြစ်ရသည့် ဟိက်မသ်ဆင်ခြင်ဉာဏ်တစ်ခုမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းကို လိုက်လံတုပပြုလုပ်ခြင်းမှ တားဆီးရန် ဖြစ်သည်။ ပုံတူရေးဆွဲသူ၏ စိတ်နှလုံးထဲတွင် ဤရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ (ဤသည်မှာ အပြစ်ရှိသည့် အကြောင်းရင်းဖြစ်သည်)။
၅။ ရှရီအသ်တရားတော်သည် ဥစ္စာပစ္စည်းများအား ယင်းတို့တွင် ဟရာမ်ဖြစ်သော အရာများကို ဖယ်ရှားပြီးနောက် အကျိုးခံစားခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားသည်။
၆။ သက်ရှိသတ္တဝါတို့၏ ပုံတူများကို မည်သည့်ပုံစံဖြင့်မဆို ပြုလုပ်ခြင်းကို တားမြစ်ထားသည်။ ထိုပုံတူများသည် တန်ဖိုးမဲ့သောအရာများပင် ဖြစ်စေကာမူ (မပြုလုပ်ရန် တားမြစ်ထားပေသည်)။
