အလ္လာဟ်အရှင်မြတ်သည် ရဗ်ဖြစ်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။

အလ္လာဟ်အရှင်မြတ်သည် ရဗ်ဖြစ်ခြင်း၌ တစ်ဆူတည်းဖြစ်တော်မူခြင်း။

1- ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့သည်။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။

2- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။

3- အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။