إعدادات العرض
မည်သူမဆို နေမထွက်မီ ဆွလာသ်နှင့် နေမဝင်မီ ဆွလာသ်ကို ဝတ်ပြုပါက ထိုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ပါ။
မည်သူမဆို နေမထွက်မီ ဆွလာသ်နှင့် နေမဝင်မီ ဆွလာသ်ကို ဝတ်ပြုပါက ထိုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ပါ။
အဗူဇုဟိုင်းရ် အုမာရဟ် ဗင်န် ရုအိုင်ဘဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို နေမထွက်မီ ဆွလာသ်နှင့် နေမဝင်မီ ဆွလာသ်ကို ဝတ်ပြုပါက ထိုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ပါ။
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Hausa Română മലയാളം Deutsch नेपाली ქართული Moore Magyar తెలుగు Кыргызча Svenska ಕನ್ನಡ Українська Kinyarwanda Македонски Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof ភាសាខ្មែរ Lietuvių தமிழ் Shqipالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဖဂျရ်နှင့် အစွရ်ဆွလာသ်နှစ်ခုကို ပုံမှန်မပြတ် ဝတ်ပြုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုဆွလာသ်နှစ်ခုကို အထူးဖော်ပြရခြင်းအကြောင်းမှာ ၎င်းတို့သည် (စောင့်ထိန်းရန်) အလေးလံ(အခက်ခဲ)ဆုံး ဆွလာသ်များဖြစ်သော ကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖဂျရ်ဆွလာသ်၏အချိန်သည် အိပ်ပျော်နေချိန်၊ အိပ်ခြင်း၏ ချိုမြိန်နေချိန်တွင်ဖြစ်ပြီး အစွရ်ဆွလာသ်၏အချိန်သည် နေ့ဖက်အလုပ်ကိစ္စများ၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေချိန်တွင် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤအခက်ခဲဒုက္ခများရှိပါလျက် ထိုဆွလာသ်နှစ်ခုကို စောင့်ထိန်းဝတ်ပြုနိုင်သူသည် အခြားဆွလာသ်များကိုလည်း စောင့်ထိန်းဝတ်ပြုနိုင်မည်ဖြစ်သည်။فوائد الحديث
ဖဂျရ်နှင့် အစွရ်ဆွလာသ်တို့၏ မွန်မြတ်မှသည်( အလွန်ကြီးမားလှသဖြင့်) ၎င်းဆွလာသ်နှစ်ခုကို အထူးဂရုစိုက်၍ ပုံမှန်မပြတ် စောင့်ထိန်းဝတ်ပြုသင့်သည်။
မည်သူမဆို ဤဆွလာသ်နှစ်ခုကို ဝတ်ပြုကျေပွန် ပါက သူ၏စိတ်နှလုံးသည် ပျင်းရိခြင်းနှင့် ပြစားခြင်းတို့မှ ကင်းရှင်းပြီး အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်းကို နှစ်သက်မြတ်နိုးသူဖြစ်လာမည်။
التصنيفات
ဆွလာသ်၏ ထွတ်မြတ်မှု။