ဆွလာသ်၏ ထွတ်မြတ်မှု။

ဆွလာသ်၏ ထွတ်မြတ်မှု။

5- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

6- မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်

7- ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို သက်သေခံမည်၊ ဆွလာသ် ဆောက်တည်မည်၊ ဇကာသ်ပေးမည်၊ အမိန့်နာခံမည်၊ မွတ်စ်လင်တိုင်းအပေါ် (အကောင်းလိုလားစိတ်ဖြင့်) ဆုံးမစကားပြောကြားပါမည်ဟူ၍ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ဗိုင်အသ် ကတိသစ္စာပြုခဲ့သည်။

8- “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း

12- မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရဿွ်ဆွလားသ်ဝတ်ပြုချိန် ရောက်ရှိလာပြီး၊ သူသည် ယင်းဖရဿ်ွဆွလားသ်၏ဝူဿွူ၊ (ဆွလားသ်အတွင်း) ခူရှူအ် ( ကျိုးနွံမှု )နှင့် ရူကူအ်( ဦးညွှတ်မှု )တို့ကို ကောင်းမွန်ကျနစွာပြုလုပ်လျှင် ထိုဆွလားသ်သည် ယင်းမတိုင်မီ ပြုလုပ်ခဲ့သော သေးငယ်သောအပြစ်များအား ပလှပ်စေသောအရာ ဖြစ်သည်။ ဤသည် အပြစ်အကုသိုလ်အကြီးစားများ မပြုလုပ်သရွေ့ ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။