ဖရ်ဿ်ွများကိုသာ ကျင့်သုံးခြင်း။

ဖရ်ဿ်ွများကိုသာ ကျင့်သုံးခြင်း။

အဗူအဗ်ဒုလ္လာဟ် ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် အလ်အန်ဆွာရီ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မေးမြန်းလျှောက်ထားခဲ့သည်။ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ် ဆွလာသ်များကို ဆောက်တည်မည် ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည် ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည် ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ မဆောင်ရွက်ခဲ့သော် ကျွန်တော်သည် ဂျန္နသ်သို့ဝင်ရောက်ရမည်လော။ကိုယ်တော်က ဟုတ်ကဲ့(ဝင်ရောက်ရမည်)ဟုအမိန့်ရှိတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

“အဗူအဗ်ဒုလ္လာဟ် ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် အလ်အန်ဆွာရီ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မေးမြန်းလျှောက်ထားခဲ့သည်။ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ် ဆွလာသ်များကို ဆောက်တည်မည်” ဆိုလိုသည်မှာ ဖရ်ဿွ် ဆွလာသ်ငါးကြိမ်ကိုသာဆောက်တည်ပြီး နဖ်လ် ဆွလာသ်များကို မဆောက်တည်ပါ၊ “ရမဿွာန်လတွင်သာ ဥပုသ်စောင့်ထိန်းမည်” နဖ်လ်ဥပုသ်များကိုမစောင့်ထိန်းပါ၊“ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်မည်”ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်က ဟလာလ်ဟု သတ်မှတ်ထားသောအရာများကို ဟလာလ်ဟု ယုံကြည်ချက်ထားကာ ဟလာလ် ခွင့်ပြုထားသော အရာများကို ဆောင်ရွက်မည်။ ထို့အတူ “ဟရာမ်ကို ဟရာမ်ဟု သတ်မှတ်မည်”ဆိုလိုသည်မှာ ၎င်းဟရာမ် အမှုကိစ္စများကိုဟရာမ်ဟု ယုံကြည်ချက်ထားပြီး ၎င်းတို့နှင့်ဝေးစွာရှောင်ကြဥ်ပြီး ခွင့်ပြုထားသော အရာများကိုသာ ဆောင်ရွက်မည်။ “ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ မဆောင်ရွက်ခဲ့သော်” ထိုသို့ကျင့်သုံးမှုသည် ဂျန္နသ်သို့ဝင်ရောက်ရန်လုံလောက်ပါသလော။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဟုတ်ကဲ့(ဝင်ရောက်ရမည်)ဟု ဖြေကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သက္ကဝါတရား၏ တောင်းဆိုချက်မှာ အမိန့်ပေးထားသော အရာများကို ကျင့်သုံးရန်နှင့် တားမြစ်ထားသော အရာများကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ဤသည်ကိုပင် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးစ်တော်များတွင် ‘အလယ်အလတ်ရှိသူ’ဟုခေါ်ဆိုထားသည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်က ဟရာမ်အဖြစ် သတ်မှတ်ထားသောအရာကိုသာ စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသော ဖရ်ဿ်ွ တာဝန်ထက်ပို၍ ဆောင်ရွက်ခြင်းမရှိသူဖြစ်သည်။

فوائد الحديث

ဆွဟာဗဟ် သာဝကကြီးတို့သည် အမှန်တရားနှင့် လမ်းမှန်တရားတို့ကိုသိရှိပြီး ထိုအပေါ် မြဲမြံစွာရပ်တည်ရန် စိတ်အားထက်သန်ကြသည်။ ထို့အတူ ဂျန္နသ်သို့ ပို့ဆောင်ပေးမည့် အရာများနှင့် ဂျန္နသီတို့အား ဂျန္နသ်သို့ ပို့ဆောင်ပေးမည့် အရာများကို သိရှိရန် စိတ်ဆန္ဒပြင်းပြကြသည်။

ဂျန္နသ်သုခဘုံသည် အဓိကပန်းတိုင်ဖြစ်ကြောင်းကို ဟဒီးဆ်တော်က ညွှန်ပြထားသည်။ လူသားသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုရရှိရန်နှင့် အရှင်မြတ်က ၎င်းအား မိမိဂျန္နသ်သုခဘုံတွင် နေထိုင်ခွင့်ပေးရန်အတွက် အမလ်ကောင်းမှုများ ကျင့်ဆောင်ရခြင်းဖြစ်သည်။

အမလ်ကောင်းမှုများသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရရန်အတွက် အကြောင်းခံဖြစ်ကြောင်း ဟဒီးဆ်တော်က ညွှန်ပြထားသည်။

ဆွလာသ် ငါးကြိမ်၏ ကြီးကျယ်လှသည့် အဆင့်အတန်းကို တင်ပြထားသည်။ ဆွလာသ်သည် ရှဟာဒသ် သက်သေခံခြင်းနှစ်ခုပြီးနောက် အရေးပါဆုံးနှင့် အကြီးကျယ်ဆုံး အမလ်ကောင်းမှုပင်ဖြစ်သည်။

လမြတ်ရမဿွာန်၌ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၏ ကြီးကျယ်လှသည့် အဆင့်အတန်းကို တင်ပြထားသည်။ မေးမြန်းသူက မေးခွန်းမေးသော အချိန်သည် ရှရီအသ် တရားတော်၏ အခြားအမိန့်ပညတ်ချက်များ မပြည့်စုံသေးသည့် အချိန်ကာလ ဖြစ်နိုင်သလို မေးမြန်းသူထံတွင် ဇကာသ်ပေးရန် ပစ္စည်းဥစ္စာ မရှိသည့် အချိန်ကာလလည်း ဖြစ်နိုင်သည်။

လူသားသည် ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ခြင်းနှင့် ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်ခြင်းတို့တွင်အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)တို့၏ မိန့်ကြားချက်အတိုင်း လိုက်နာကျင့်သုံးရမည်။ ဤသို့ဖြင့် သူသည်အလ္လာဟ်အရှင်မြတ်က ဟလာလ်ဟုသတ်မှတ်ထားသော အရာများကိုကျင့်ဆောင်ကာ အလ္လာဟ်အရှင်မြတ်က တားမြစ်ထားသောဟရာမ်များကို ရှောင်ရှားပေလိမ့်မည်။ ဤတွင် ဟရာမ်ကို ဟရာမ်ဟု ယုံကြည်ချက်ထားကာ ဟရာမ်တိုင်းမှ ဝေးစွာ ရှောင်ကြဥ်ခြင်းလည်း ပါဝင်သည်။

التصنيفات

အမည်နာမများနှင့် အမိန့်ပညတ်ချက်များ။, အီမာန်ယုံကြည်မှု၏ အကိုင်းအလက်များ။, ဆွလာသ်၏ ထွတ်မြတ်မှု။