إعدادات العرض
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍…
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
الترجمة
العربية Kurdî English Kiswahili Español اردو Português বাংলা Bahasa Indonesia فارسی தமிழ் हिन्दी සිංහල Tiếng Việt മലയാളം Русский ไทย پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Türkçe Bosanski Hausa తెలుగు دری Ελληνικά Azərbaycan Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Oromoo Wolof Tagalog Soomaali Français Українська bm Deutsch ქართული Македонски Magyar Lingala 中文 rn km አማርኛالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်တို့က တားမြစ်ထားသည့်) မကောင်းမှုများအား တတ်စွမ်းနိုင်သမျှ တားမြစ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ အကြင်သူသည် မကောင်းမှုတစ်ခုအား မြင်တွေ့ပါက ထိုမကောင်းမှုအား လက်ဖြင့်တားမြစ်ရန်တတ်စွမ်းနိုင်လျှင် ၎င်းအပေါ်၌ လက်ဖြင့်တားမြစ်ရန် တာဝန်ရှိသည်။ အကယ်၍ လက်ဖြင့်တားမြစ်ရန် မတတ်စွမ်းနိုင်ပါက ၎င်းမကောင်းမှုအား မိမိ၏နှုတ်လျှာဖြင့်တားမြစ်ရမည်။ မကောင်းမှုကျူးလွန်သူအား ယင်းမကောင်းမှု၏ဆိုးကျိုးကို ရှင်းပြကာ မကောင်းမှုအစား ကောင်းမှုကို လမ်းညွှန်ပြသပေးရမည်။ အကယ်၍ ဤအဆင့်ကို ပြုလုပ်ရန်မတတ်စွမ်းနိုင်ပါက မကောင်းမှုအား နှလုံးသားဖြင့်တားမြစ်ရမည်။ဆိုလိုသည်မှာ မကောင်းမှုအား စိတ်ထဲ၌ မနှစ်သက်မှုဖြစ်ရမည်။ ထို့ပြင် ထိုမကောင်းမှုအား တားမြစ်နိုင်စွမ်းရှိလာပါက မုချတားမြစ်မည်ဟူသော ခိုင်မာသောဆုံးဖြတ်ချက်ချရမည်။ မကောင်းမှုအား စိတ်နှလုံးသားဖြင့်တားမြစ်ခြင်းသည် အီမာန်၏ အဆင့်အတန်းများအနက် အနိမ့်ဆုံးနှင့် အားအပျော့ဆုံးအဆင့်ပင်ဖြစ်သည်။فوائد الحديث
ဤဟဒီးဆ်တော်သည် မကောင်းမှုအား တားမြစ်သည့်အဆင့်များနှင့်စပ်လျဉ်း၍ အခြေခံမူတစ်ရပ်ဖြစ်သည်။
မကောင်းမှုကိုတားမြစ်ရာ၌ တဆင့်ပြီးတဆင့်ပြီးတားမြစ်ရန်အမိန့်ပေးထားပြီး လူတိုင်းသည်မိမိတတ်စွမ်းနိုင်သမျှတားမြစ်ရမည်။
မကောင်းမှုမှတားမြစ်ခြင်းသည် သာသနာတော်၌ကြီးကျယ်လှသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ဤတာဝန်နှင့် မည်သူမျှမလွတ်ကင်းပေ။ မွတ်စ်လင်မ်တိုင်းသည် မိမိတတ်စွမ်းမှုနှင့်အညီ တာဝန်ပေးအပ်ခြင်းခံထားရသည်။
ကောင်းမှုကို ညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်းသည် အီမာန်၏ လက္ခဏာဖြစ်ပြီး အီမာန်သည် တိုးတက်ခြင်း လျော့နည်းခြင်းရှိသည်။
မကောင်းမှုကိုတားမြစ်ခြင်း၌ ရှိရမည့်အချက်တစ်ချက်မှာ ထိုလုပ်ရပ်သည် မကောင်းမှုဖြစ်ကြောင်း အခိုင်အမာသိရှိထားခြင်း ဖြစ်သည်။
မကောင်းမှုကိုတားမြစ်ခြင်း၌ စည်းကမ်းချက်တစ်ခုရှိသည်။ ၎င်းမှာ မကောင်းမှုကိုတားမြစ်ရာ၌ ထို့ထက်ပို၍ဆိုးသော မကောင်းမှု ဖြစ်ပေါ်လာခြင်းမရှိစေရပါ။
မကောင်းမှုကို တားမြစ်ခြင်းတွင် စည်းကမ်းချက်များ၊ ကျင့်ဝတ်များရှိသောကြောင့် မွတ်စ်လင်တစ်ဦးအနေဖြင့် ၎င်းတို့အား လေ့လာသင်ယူရမည်။
မကောင်းမှုကို တားမြစ်ရာ၌ ရှရီအဟ်၏မူဝါဒ၊ အသိပညာနှင့် ခိုင်လုံသောသက်သေများ ရှိရန်လိုအပ်ပေသည်။
မကောင်းမှုအား နှလုံးသားဖြင့်ပင် မတားမြစ်ခြင်းသည် အီမာန်အားနည်းမှုကို ညွှန်ပြနေသည်။