إعدادات العرض
ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက်…
ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော်အား ပြောကြားတော်မူသည်မှာ ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။ ဘကြီးတော်ကပြန်လည်ပြောကြားသည်မှာ အကယ်၍ ကုရိုင်ရှ်တို့က ကျွန်ုပ်အားအပြစ်မတင်ကြလျှင်၊ သေရမည်ကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်အား ဤသို့ရွတ်ဆိုစေသည်ဟု ၎င်းတို့ပြောကြမည်ကို မစိုးရိမ်လျှင် အမှန်တကယ်ပင် ကျွန်ုပ်သည် ဤကလိမဟ်တော်ကိုရွတ်ဆိုကာ သင်၏မျက်စိကိုအေးမျှစေမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်အား ချပေးတော်မူခဲ့သည်။(ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Wolof Moore Soomaali Français Oromoo Українська Tagalog Azərbaycan தமிழ் bm Deutsch ქართული Português Македонски Magyar Русский 中文 فارسی km አማርኛالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော် အဗူသွာလိဗ် ကွယ်လွန်ခါနီးနောက်ဆုံးအချိန်တွင် ကလိမဟ်ရှဟာဒသ် ရွတ်ဆိုရန် တိုက်တွန်းခဲ့သည်။ ဤသို့တိုက်တွန်းရခြင်းမှာ ကိယာမသ်နေ့၌ ထိုကလိမဟ်တော်ဖြင့် ဘကြီးတော်အား ရှဖာအသ် ကြားဝင်အသနားခံပေးရန်နှင့် မွတ်စ်လင်မ်ဖြစ်ကြောင်း သက်သေခံပေးရန်အတွက်ဖြစ်သည်။ သို့သော် ဘကြီးတော်သည် ကုရိုင်ရှ်တို့က မိမိအား အပြစ်တင်မည်ကို စိုးရိမ်သောကြောင့် ရှဟာဒသ်ရွတ်ဆိုရန် ငြင်းခဲ့သည်။ ကုရိုင်ရှ်တို့က မိမိအား သေရမည်ကို ကြောက်သည့်စိတ်နှင့် ချည့်နဲ့မှုတို့ကြောင့် အစ္စလာမ်သာသနာကို လက်ခံလိုက်သည်ဟုပြောကြမည်ကို စိုးရိမ်မိသည်။ ထို့နောက် ဘကြီးတော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ပြောကြားခဲ့သည်မှာ ကုရိုင်ရှ်တို့ပြစ်တင်ပြောဆိုကြမည်ကို မစိုးရိမ်ပါက အမှန်တကယ်ပင် ကျွန်ုပ်သည် ကလိမဟ်ရှဟာဒသ်ကို ရွတ်ဆိုကာ သင်၏စိတ်နှလုံးကို ပျော်ရွှင်စေမည်ဖြစ်ပြီး သင်ကျေနပ်သည်အထိ သင့်ဆန္ဒကိုဖြည့်ဆည်းပေးမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်ကို ချပေးတော်မူခဲ့သည်။ ထိုအာယသ်တော်က ညွှန်ပြနေသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာပေါ်တွင် လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်သည့် ဟိဒါယသ်လမ်းမှန်တရားမျိုးကို မပိုင်ဆိုင်ပေ။ အမှန်တကယ်ပင် တစ်ဆူတည်းတစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာ မိမိအလိုရှိသူကို လိုက်နာကျင့်သုံးနိုင်စွမ်း ပေးတော်မူသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဖန်ဆင်းခံတို့အား ညွှန်ကြားပြသခြင်း၊ ရှင်းလင်းတင်ပြခြင်း၊ လမ်းညွှန်ပေးခြင်း၊ ဖြောင့်မတ်မှန်ကန်သည့်လမ်းစဉ်ဘက်သို့ ဖိတ်ခေါ်ခြင်းအားဖြင့် ဟိဒါယသ် တရားလမ်းမှန်ဘက်သို့ ညွှန်ကြားပြသနိုင်ပေသည်။فوائد الحديث
လူတို့၏စကားကိုကြောက်၍ အမှန်တရားကို မစွန့်လွှတ်ရပေ။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တရားလမ်းမှန်သို့ ညွှန်ကြားပြသပေးသည့် ဟိဒါယသ်ကို ပိုင်ဆိုင်သော်လည်း တရားလမ်းမှန်ပေါ်တွင် လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်သည့် ဟိဒါယသ်ကို မပိုင်ဆိုင်ပေ။
နာမကျန်းဖြစ်နေသော ဘာသာခြားကာဖိရ်အား အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ရန်ရည်ရွယ်ချက်ဖြင့် သတင်းမေးမြန်းခြင်းကို ခွင့်ပြုထားသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အခြေအနေတိုင်းတွင် အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်ရန် စိတ်အားထက်သန်သည်။