သတ်က်ဒီးရ် သတ်မှတ်ချက်နှင့်ဆုံးဖြတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

သတ်က်ဒီးရ် သတ်မှတ်ချက်နှင့်ဆုံးဖြတ်ချက်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

3- တစ်နေ့ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ «@ အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ *အသင်ကောင်းစွာ မှတ်သားပါလေ။ အကယ်၍ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်အကျိုးကိုမျှ ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည် မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့သွားပြီဖြစ်သည်။

5- ၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။* ထို့နောက်သွေးခဲအဖြစ် အလားတူကာလ(ရက်ပေါင်း လေးဆယ်)ရှိနေသည်။ထို့နောက် အသားတုံးအဖြစ် အလားတူကာလ (ရက်ပေါင်း လေးဆယ်)ရှိနေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူပြီး အချက်(၄)ချက်ကို (ရေးမှတ်ရန်)အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းကင်တမန်က ထိုသူ၏ရိက္ခာ၊ ထိုသူ၏သက်တမ်း၊ ထိုသူ၏ကျင့်ဆောင်မှုနှင့် ထိုသူသည်လူဆိုးဖြစ်မည် သို့မဟုတ် လူကောင်းဖြစ်မည် စသည်တို့ကိုရေးမှတ်လိုက်သည်။ ထို့နောက် ကောင်းကင်တမန်သည် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ သို့ဖြစ်၍ အသင်တို့အနက် ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ (ကောင်းမြတ်သည့်) လုပ်ရပ်များကို ဆောင်ရွက်ရင်း ၎င်းနှင့် သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ သို့သော် ၎င်းအပေါ်ရေးမှတ်ထားသည့် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သောကြောင့် ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်သည်။ ထို့ကြောင့် ၎င်းသည် ငရဲဘုံသို့ဝင်ရောက်ရသည်။ ထို့အပြင်ပုဂ္ဂိုလ်တစ်ဦးသည် ငရဲဘုံသားတို့၏ (မကောင်းသည့်) လုပ်ရပ်များအား လုပ်ဆောင်ကာ ၎င်းနှင့်ငရဲဘုံကြား၌ တစ်တောင်မျှသာလိုတော့သည်။ ထိုအချိန် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သည့်အတွက် ၎င်းသည်သုခဘုံသားတို့၏ အမလ်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ဂျန္နသ်သုခဘုံကို ဝင်ရောက်ရသည်။

8- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော်အား ပြောကြားတော်မူသည်မှာ @ ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။ * ဘကြီးတော်ကပြန်လည်ပြောကြားသည်မှာ အကယ်၍ ကုရိုင်ရှ်တို့က ကျွန်ုပ်အားအပြစ်မတင်ကြလျှင်၊ သေရမည်ကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်အား ဤသို့ရွတ်ဆိုစေသည်ဟု ၎င်းတို့ပြောကြမည်ကို မစိုးရိမ်လျှင် အမှန်တကယ်ပင် ကျွန်ုပ်သည် ဤကလိမဟ်တော်ကိုရွတ်ဆိုကာ သင်၏မျက်စိကိုအေးမျှစေမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်အား ချပေးတော်မူခဲ့သည်။(ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)