တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော…

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။

အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။

[صحيح] [متفق عليه]

الشرح

အဘူစအီဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လင်ယောက်ျားများနှင့် အိမ်ထောင်မပြု၊ မပေါင်းသင်းရသေးသော အိမ်၏အတွင်းပိုင်း၌သာ နေထိုင်သည့် အပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသူဖြစ်သည်။ တမန်တော်မြတ်သည် အလွန်အရှက်တရားကြီးမားမှုကြောင့် တစ်စုံတစ်ရာကို မနှစ်သက်လျှင် ကိုယ်တော့်၏မျက်နှာတော်မှာပြောင်းလဲသွားတတ်သည်။ သို့သော် ထိုအကြောင်းကို နှုတ်ဖြင့် ထုတ်ဖော်‌လေ့မရှိပေ။ သို့သော် ကိုယ်တော့်၏ တပည့်သာဝကများသည် ကိုယ်တော်မြတ်၏ မျက်နှာထားမှတစ်ဆင့် ထိုအရာကိုကိုယ်တော် မနှစ်သက်ကြောင်း သိရှိနားလည်ကြလေသည်။

فوائد الحديث

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကြီးမြတ်သော အကျင့်စာရိတ္တမွန်ဖြစ်သည့် အရှက်တရားကို ဖော်ပြထားခြင်း။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အရှက်တရားဖြင့်ဆက်ဆံမှုသည်

အလ္လာဟ်အရှင်မြတ်၏တားမြစ်ချက်များကို ချိုးဖောက်ခြင်းမရှိသရွေ့သာ ဖြစ်သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏ တားမြစ်ချက်များ ချိုးဖောက်ခံရပါက၊ ကိုယ်တော်သည် အမျက်ထွက်တော်မူပြီး မိမိ၏ ဆွဟာဘာများအား ကောင်းသည့်အရာများကို အမိန့်ပေးတော်မူကာ မကောင်းသည့်အရာများမှ တားမြစ်တော်မူသည်။

အရှက်တရားဟူသော အဆင်

တန်ဆာကို ဆင်မြန်းရန် (ကျင့်ကြံတည်ဆောက်ရန်) တိုက်တွန်းနှိုးဆော်ထားခြင်း။ အဘယ်ကြောင့်ဆိုသော် အရှက်တရားသည် ကောင်းမွန်လှပသောအရာများကို ပြုလုပ်ရန်နှင့် ယုတ်ညံ့သောအရာများမှ ရှောင်ကြဉ်ရန် စိတ်နှလုံးကို လှုံ့ဆော်ပေးသောကြောင့်ဖြစ်သည်။

التصنيفات

တမန်တော်မြတ်(ﷺ)၏ အရှက်တရား။