إعدادات العرض
လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊…
လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏ အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်
စောင်ဗားန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏ အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်။ အဘူကိလာဗဟ်က(ဟဒီးစ်တော်တွင်) မိသားစုဖြင့်စတင်ထားသည်ဟုပြောပြခဲ့ပြီးနောက် ဆက်လက်ပြောသည်မှာ မိမိ၏ငယ်ရွယ်သည့်သားသမီးများအပေါ်သုံးစွဲသူထက် ပို၍မည်သူသည် ကုသိုလ်အကျိုးကြီးမားနိုင်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာဖြင့်၎င်းတို့အား တားမြစ်ထားသောအရာများမှ ရှောင်ရှားစေပြီး၊ အကျိုးဖြစ်ထွန်းစေကာ ကြွယ်ဝစေတော်မူသည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча Hausa ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Lietuvių Македонски Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ ភាសាខ្មែរ Shqip தமிழ்الشرح
တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )သည် လှူဒါန်းသုံးစွဲခြင်း၏ အမျိုးမျိုးသော ပုံစံများကို မိန့်ကြားတော်မူခဲ့ပြီး လှူဒါန်းသုံးစွဲရမည့်အကြောင်းအရာများ တိုက်ဆိုင်စုဝေးလာသည့်အခါ ၎င်းတို့ကို အစီအစဉ်တကျ စီစဉ်ပေးတော်မူခဲ့ပြီး၊မည်သည့်လှူဒါန်းမှုက အသင့်အတွက် ပို၍ အရေးကြီးလည်းဆိုတာကို ရှင်းလင်းညွှန်ပြတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )သည် အရေးအကြီးဆုံးမှ စတင်မိန့်ကြားတော်မူပြီး ထိုမှတစ်ဆင့် အရေးကြီးမှု အနည်းငယ်လျော့သော အရာများဆီသို့ ရှင်းလင်းညွှန်ပြတော်မူခဲ့သည်။ သုံးစွဲမှုများအနက် အကျိုးစဝါးဗ်အများဆုံးရရှိသော ပစ္စည်းဥစ္စာမှာ မွတ်စ်လင်မ်တစ်ဦးက မိမိအပေါ်၌ စားရိက္ခာထောက်ပံ့ရန် တာဝန်ရှိသူများဖြစ်သော ဇနီးသည် နှင့် သားသမီးကဲ့သို့သော အိမ်ထောင်စုဝင်များအတွက် သုံးစွဲသောပစ္စည်း ဥစ္စာပင်ဖြစ်ပေသည်ဟု ကိုယ်တော်မြတ်က မိန့်ကြားခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရန် အသင့်ပြင်ဆင်ထားသော အစီးအနင်းအတွက် လှူဒါန်းသုံးစွဲခြင်း ဖြစ်သည်။ ထို့နောက်မိမိ၏အပေါင်းအသင်းများနှင့် မိတ်ဆွေများအတွက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်နေစဉ် လှူဒါန်းခြင်းဖြစ်သည်။فوائد الحديث
ကုသိုလ်အကျိုးအားဖြင့်လှူဒါန်းမှု၏ အဆင့်အတန်းသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဖြစ်သည်။ ထို့ကြောင့် လှူဒါန်းသုံးစွဲရမည့်အကြောင်းအရာများ တိုက်ဆိုင်စုဝေးလာသည့်အခါ ထိုအဆင့်အတန်းကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ကုသိုလ်အကျိုးအားဖြင့်မိသားစုဝင်များအတွက် သုံးစွဲခြင်းသည် အခြားလှူဒါန်းမှုများထက် ပို၍ဦးစားပေးထိုက်ကြောင်း ဖော်ပြထားသည်။
အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရန် လှူဒါန်းခြင်း၊ ဥပမာ- ဂျိဟာဒ်အတွက် လက်နက်ကိရိယာများနှင့် လူသူများ ပြင်ဆင်ခြင်းသည် အလွန်ကြီးမြတ်သော လှူဒါန်းမှုတစ်ရပ် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏လမ်းတော် ဆိုသည်မှာ ဟဂျ်ပြုလုပ်ခြင်းကဲ့သို့သော စသည့် နာခံမှုတိုင်းကို ဆိုလိုသည်။
