ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက်…

ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက် လာတိုင်း ကောင်း ကင်တမန်နှစ်ပါး ဆင်းသက်လာပြီး၊ တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် နှစ်သက်သည့်လမ်းတွင်) သုံးစွဲသူအား ကောင်းမှုများ ချီးမြှင့်ပေးသနားတော်မူပါ'။ နောက်တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်၊ (အရှင်မြတ်နှစ်သက်သည့် လမ်းတွင်) သုံးစွဲခြင်းမပြုဘဲ နေသည့် စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက် လာတိုင်း ကောင်း ကင်တမန်နှစ်ပါး ဆင်းသက်လာပြီး၊ တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် နှစ်သက်သည့်လမ်းတွင်) သုံးစွဲသူအား ကောင်းမှုများ ချီးမြှင့်ပေးသနားတော်မူပါ'။ နောက်တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်၊ (အရှင်မြတ်နှစ်သက်သည့် လမ်းတွင်) သုံးစွဲခြင်းမပြုဘဲ နေသည့် စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။"

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - နေထွက်သောနေ့တိုင်း ကောင်းကင် တမန်နှစ်ပါး ဆင်းသက်လာ၍ ကြွေးကြော်ကြသည်။ ၎င်းတို့အနက် တစ်ပါးက ပြောသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကောင်းမှုကုသိုလ်များ၊ မိသားစု၊ ဧည့်သည်များနှင့် အခြားလှူဒါန်းမှုများတွင် သုံးစွဲသူများအား ကောင်းမှုများကို ချီးမြှင့်တော်မူပါ၊ ၎င်း၏ လှူဒါန်းသုံးစွဲမှုတွင် ကောင်းသောအစားကို ချီးမြှင့်ပေးသနားတော်မူပါ။ ၎င်းအဖို့ ဗရ်ကသ်မင်္ဂလာကို ချီးမြှင့်‌တော်မူပါ။ အခြားတစ်ပါးက ပြောသည်မှာ - အို-အလ္လာဟ်အရှင်မြတ်၊ လှူဒါန်းသုံးစွဲခြင်းမပြုဘဲ စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။ ၎င်း၏ ဥစ္စာပစ္စည်းကို ပျက်စီး‌စေတော်မူပါ။ ထိုသူသည် ထိုဥစ္စာပစ္စည်းကို ရထိုက်သူများအား ပေးကမ်းခြင်းမှ မပေးဘဲနေသောကြောင့်ဖြစ်သည်။

فوائد الحديث

၁။ ရက်ရောသုံးစွဲသူအား ပေးကမ်းသည်ထက် ပိုမိုကောင်းမွန်သည့် အစားထိုးဆုလာဘ် ချီးမြှင့်ပေးရန် ဒုအာပြုပေးခွင့်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် က သုံးစွဲရန် ပြဋ္ဌာန်းထားသော ကိစ္စရပ်များတွင် သုံးစွဲရန် စေးနဲတွန့်တိုသူအတွက် သူ၏

ဥစ္စာပစ္စည်း ပျက်စီးရန် ဘဒ်ဒုအာပြုခြင်းသည်လည်း ခွင့်ပြုထားသည်။

၂။ ကောင်းကင်

တမန်များသည် လှူဒါန်းသုံးစွဲသော မုအ်မင်န်ယုံကြည်သူ သူတော်ကောင်းများအတွက် ကောင်းမှုနှင့် ဗရ်ကသ်မင်္ဂလာရရန် ဒုအာတောင်းပေးကြသည်။ စင်စစ် ကောင်းကင်

တမန်များ၏ဒုအာသည် လက်ခံခြင်းခံရသည်။

၃။ ဝါဂျိဗ်တာဝန်အရနှင့် စေတနာအလျောက် လုပ်ရပ်များ၊ ဥပမာ မိသားစုအပေါ်၊ ဆွေမျိုး

သားချင်းများနှင့် ကောင်းမှုကုသိုလ်အလုံးစုံတွင် လှူဒါန်းသုံးစွဲရန် တိုက်တွန်းနှိုးဆော်ထားခြင်း။

၄။ ကောင်းမှုကိစ္စရပ်များတွင် လှူဒါန်းသုံးစွဲသူ၏ မွန်မြတ်မှုနှင့် ၎င်း၏အဆုံးသတ်နိဂုံးမှာ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ပိုမိုကောင်းမြတ်သော အကျိုးဆုလာဘ်ကို ပေးသနားတော်မူမည်ကို ဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - "ထို့ပြင် အသင်တို့သည် မည်သည့် အရာကိုမဆို သုံးစွဲ လှူဒါန်းခဲ့ကြလျှင် အရှင်မြတ်သည် ၎င်း၏ အစားကို ပေးတော်မူမည် ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် စားနပ်ရိက္ခာ ပေးသနားသူများ ထဲတွင် အကောင်းဆုံးပင် ဖြစ်တော်မူသည်။"

[စူရဟ် စဘအ်- ၃၉]

၅။ ဤသို့ပျက်စီးရန် ဒုအာပြုခြင်းသည် တာဝန်ရှိသော သုံးစွဲမှုများမှ မသုံးစွဲဘဲ ရှောင်ကြဉ်သူအတွက်ဖြစ်သာသည်။ စေတနာအလျောက် သုံးစွဲမှုများမှ ရှောင်ကြဉ်သူအတွက် မဟုတ်ပေ။

၆။ စေးနဲတွန့်တိုခြင်း၊ မိမိကိုယ်မိမိ မသထာခြင်းသည် ဟရာမ် (တားမြစ်ထား) ဖြစ်သည်။

التصنيفات

နဖ်လ် အလှူဒါန။