إعدادات العرض
ကျွန်မနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေအိုးတစ်လုံးထဲမှပင် ရေအတူချိုးခဲ့ကြသည်။…
ကျွန်မနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေအိုးတစ်လုံးထဲမှပင် ရေအတူချိုးခဲ့ကြသည်။ ကျွန်မတို့ နှစ်ဦးစလုံးသည် (ဂျုနုဗ်) ရေချိုးရန်တာဝန်ထိုက်နေကြပါသည်။ ကိုယ်တော်သည် ကျွန်မ
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေအိုးတစ်လုံးထဲမှပင် ရေအတူချိုးခဲ့ကြသည်။ ကျွန်မတို့ နှစ်ဦးစလုံးသည် (ဂျုနုဗ်) ရေချိုးရန်တာဝန်ထိုက်နေကြပါသည်။ ကိုယ်တော်သည် ကျွန်မ ဓမ္မတာသွေးဆင်းနေစဉ် လုံချည်ဝတ်ရန်စေခိုင်းလေ့ရှိပြီး ကိုယ်တော်သည် ကျွန်မနှင့်ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်သည် အိသိကာဖ် ထိုင်နေစဉ် ကျွန်မအခန်းဘက်သို့ ဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး ကျွန်မသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် ကိုယ်တော်၏ဦးခေါင်းကို ရေဆေးကြောပေးသည်။
الترجمة
العربية Bosanski English Español فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල Svenska ગુજરાતી Yorùbá Tiếng Việt پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Lietuvių Српски Kinyarwanda Shqip ಕನ್ನಡ Wolof Українська Moore ქართული Magyar தமிழ் Македонски Azərbaycan Malagasy Italiano Oromoo Deutsch বাংলা ไทย मराठी ਪੰਜਾਬੀ አማርኛ O‘zbek ភាសាខ្មែរ Tagalogالشرح
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် သူမကြားရှိ သီးသန့်ဆက်ဆံရေးအ ခြေအနေများကို ပြောပြခဲ့သည်။ ၎င်းတို့အနက် အချို့မှာ သူမသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရေအိုးတစ်လုံးထဲမှပင် ရေအတူခပ်ကာ ဂျနာဗသ်အတွက် ရေချိုးခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူမဓမ္မတာသွေး ဆင်းနေချိန် အတူနေလိုပါက သူမခန္ဓာကိုယ်အား ချက်မှ ဒူးအထိ ဖုံးအုပ်ခိုင်းတော်မူပြီး ပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည်ဗလီထဲတွင် အိသိကာဖ် ထိုင်နေစဉ် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆီသို့ မိမိဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး သူမသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် သူမအိမ်အတွင်းမှနေ၍ ကိုယ်တော်၏ ဦးခေါင်းကို ရေဆေးကြောပေးသည်။فوائد الحديث
ဇနီးမောင်နှံ နှစ်ဦး အိုးတစ်လုံးထဲမှ ရေအတူချိုးခွင့်ရှိသည်။
ဓမ္မတာသွေးဆင်းနေသည့် အမျိုးသမီးအား အရှက်အင်္ဂါမှအပ ကျန်အစိတ်အပိုင်းများကို ထိတွေ့ခွင့်ရှိသည်။ သူမ၏ ကိုယ်ခန္ဓာသည်လည်း သန့်သည်။
ဓမ္မတာသွေးဆင်းနေသည့် အမျိုးသမီးသည် ပွေ့ဖက်ကျီစယ်သည့်အခါ လုံချည်ဝတ်ထားခြင်း ပို၍ကောင်းမြတ်သည်။
ဟရာမ်သို့ ကျရောက်ခြင်းမှ တားဆီးပေးသည့် အကြောင်းခံများကို ကိုင်တွယ်ရမည်။
ဓမ္မတာသွေးဆင်းနေသည့် အမျိုးသမီး ဗလီထဲတွင် နေခြင်းကို တားမြစ်ထားသည်။
ဓမ္မတာသွေးဆင်းနေသည့် အမျိုးသမီးသည် စိုသည့်အရာဖြစ်စေ၊ ခြောက်သွေ့သည့်အရာဖြစ်စေ ကိုင်တွယ်ခွင့်ရှိသည်။ ထို့ကြောင့် ဦးခေါင်းအား ဆေးကြောပေးခြင်း၊ ဆံပင်ဖြီးပေးခြင်းတို့ ပြုလုပ်ခွင့်ရှိသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ အိမ်သူအိမ်သားများအပေါ် ကြင်နာစွာဆက်ဆံမှုကို ဖော်ပြနေသည်။
