إعدادات العرض
ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော…
ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ကိုယ်တော့်အား ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Kurdî Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Wolof Soomaali Tagalog Français Azərbaycan Українська bm தமிழ் Deutsch ქართული Português Македонски Magyar فارسی Русский 中文 ភាសាខ្មែរ Malagasy Oromooالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ၎င်းတို့စိတ်ထဲတွင် ဖြစ်ပေါ်လာသော ပြောပြရန်ပင် ဝန်လေးမိသည်အထိ ၎င်းတို့အဖို့ မနှစ်သက်စရာဖြစ်သော ကြီးကျယ်လှသည့်ကိစ္စရပ်နှင့် ပတ်သက်၍ ကိုယ်တော့်အား လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ကြုံတွေ့နေရသည့်အရာသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။ ထိုအီမာန်ယုံကြည်မှုက စိတ်နှလုံးသားအတွင်းသို့ ရှိုင်သွာန်ဘက်မှ ထည့်သွင်းပေးသည့် ‘ဝတ်စ်ဝစဟ်’ယုံမှားသံသယစိတ်ကို လက်ခံယုံကြည်ခြင်းမှ အသင်တို့အား တားဆီးပေးပြီး အသင်တို့၏စိတ်ထဲတွင် ယင်းအား ကြီးကျယ်သည့် ကိစ္စအဖြစ်မှတ်ယူစေကာ ပြောပြရန်မနှစ်သက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဧကန်အမှန်ပင် ရှိုင်သွာန်သည် အသင်တို့၏ စိတ်နှလုံးသားများကို မကောင်းသည့်သံသယအတွေးများပေါ်တွင် ရပ်တည်နေရန် မစွမ်းဆောင်နိုင်တော့ပေ ဤသည် ရှိုင်သွာန်က မကောင်းသည့် သံသယအတွေးများ ထည့်သွင်းပေးကာ ၎င်းတို့ကို တွန်းလှန်နိုင်စွမ်းမရှိသူတို့နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။فوائد الحديث
အီမာန်ယုံကြည်သူများနှင့်ပတ်သက်၍ ရှိုင်သွာန်မိစ္ဆာ၏ ချည့်နဲ့မှုကို ရှင်းပြထားသည်။ ၎င်းသည် ‘ဝတ်စ်ဝစဟ်’သံသယအတွေးသာ ထည့်သွင်းပေးနိုင်သည်။
စိတ်နှလုံးသားကို လှည့်စားသည့် သံသယအတွေးများသည် ရှိုင်ဿွာန် မိစ္ဆာကောင်ဘက်မှဖြစ်ပေါ်သဖြင့် ထိုအတွေးများကို လက်ခံခြင်း၊ ထောက်ခံခြင်း မပြုရပေ။
ရှိုင်သွာန်ဘက်မှာလာသည့် သံသယအတွေးများသည် မုအ်မင်န်သက်ဝင်ယုံကြည်သူများကို ဆိုးကျိုးမပေးနိုင်ပေ။ သို့သော် ထိုအတွေးများ အဆက်မပြတ် မဖြစ်ပေါ်လာစေရန်အတွက် ရှိုင်သွာန်ဘက်မှလာသော ‘ဝတ်စ်ဝစဟ်’မှကင်းဝေးရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုတောင်းခံရမည်။
မွတ်စ်လင်မ်တစ်ဦးသည် မိမိဘာသာတရားနှင့် ပတ်သက်၍ မရှင်းလင်းသည့်ကိစ္စများကို နှုတ်ဆိတ်မနေဘဲ မေးမြန်းသင့်သည်။