إعدادات العرض
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော…
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili ไทย پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Kurdî Moore Soomaali Wolof Français Oromoo Tagalog Українська Azərbaycan தமிழ் bm Deutsch ქართული Português Македонски Magyar Русский 中文 فارسی kmالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ- ဆွလာသ်အတွင်း၌အာယသ်တော်သုံးပိုဒ် ဖတ်ခြင်း၏အကျိုးကုသိုလ်သည် လူတစ်ဦး မိမိ၏အိမ်တွင် ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မ သုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။فوائد الحديث
ဆွလာသ်အတွင်း ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း၏ထွတ်မြတ်မှုကို တင်ပြထားသည်။
ကောင်းမြတ်သည့်အကျင့်သီလများသည် ပျက်စီးသွားမည့် လောကီဥစ္စာပစ္စည်းများထက် ပို၍ ကောင်းမြတ်ပြီး အမြဲကျန်ရှိနေမည့်အရာဖြစ်သည်။
ဤထွတ်မြတ်မှုသည် အာယာသ်တော်သုံးပိုဒ်ဖတ်ရွတ်ခြင်းဖြင့်သာ သီးသန့်ကန့်သတ်ထားခြင်းမဟုတ်ပါ။ ဆွလာသ်ဆောက်တည်သူသည် မိမိ၏ဆွလာသ်အတွင်း အာယသ်တော်များ ပိုဖတ်လေလေ ထိုသူ၏ အကျိုးကုလိုလ်သည်လည်း ၎င်းဖတ်ရွတ်လိုက်သည့် အာယသ်အရေအတွက်နှင့်အညီ ကုလားအုတ်မများ ရရှိခြင်းထက် ပို၍သာမြတ်မည်ဖြစ်သည်။
التصنيفات
ကုရ်အာန်ကျမ်းမြတ်၏ ထွတ်မြတ်မှုများ။