إعدادات العرض
မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး
မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး
အဗူအုမာမဟ် ကပြောသည်မှာ အမ်ရုဗ်နုအဗစဟ်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်ုပ်အားဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး အကယ်၍အသင်သည် ယင်းအချိန်၌အလ္လာဟ်အရှင်မြတ်အား သတိရတသနေသူများအနက်မှဖြစ်နိုင်ပါက ဖြစ်လိုက်ပါလေ။
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Tagalog Türkçe اردو 中文 हिन्दी Français Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் Русский অসমীয়া ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română ಕನ್ನಡ Српски తెలుగు ქართული Moore Kinyarwanda Magyar Македонски Čeština Українська Lietuvių አማርኛ Wolof Azərbaycan Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ دری Deutsch ភាសាខ្មែរ Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အရှင်မြတ်သည် ည၏နောက်ဆုံးသုံးပုံတစ်ပုံအချိန်တွင် လူသားနှင့်အလွန်နီးကပ်စွာ ရှိတော်မူ၏။ သို့ဖြစ်၍ အို-မုအ်မင်သက်ဝင်ယုံကြည်သူ၊ အကယ်၍ သင်သည် ထိုအချိန်၌ အရှင်မြတ်အားခဝပ်ကိုးကွယ်သူများ၊ ဆွလာသ်ဝတ်ပြုသူများ၊ သတိရတသသူများ၊ သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်သူများ အနက်မှဖြစ်နိုင်ပါက ဤသည် အဖိုးမဖြတ်နိုင်သော အခွင့်အရေး၊ ကြိုးစားအားထုတ်ရသောအချိန်ဖြစ်သောကြောင့် အသင်သည် ၎င်းတို့အနက်မှဖြစ်လိုက်ပါလေ။فوائد الحديث
မွတ်စ်လင်မ်အား ည၏နောက်ဆုံးပိုင်းတွင် ဇိက်ရ်အရှင်မြတ်အား သတိရတသရန်တိုက်တွန်းထားသည်။
ဇိက်ရ်အရှင်မြတ်အား သတိရတသခြင်း၊ ဒုအာဆုတောင်းခြင်း၊ ဆွလာသ်ဝတ်ပြုခြင်း စသည်တို့အားပြုလုပ်ရန်အတွက် အချို့အချိန်သည် အချို့အချိန်ထက်သာပိုမွန်မြတ်ကြောင်းသိရှိရသည်။
“မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်” ဟုဆိုထားသောဟဒီးဆ်တော်နှင့် “လူသားသည် အလ္လာဟ်အရှင်မြတ်နှင့်အနီးကပ်ဆုံးအချိန်မှာ သူစဂ်ျဒဟ်ဦးချသော အချိန်ဖြစ်သည်” ဟုဆိုထားသော ဟဒီးဆ်တော်၏ခြားနားမှုကို “မီးရက်”အမည်နှင့်ကျော်ကြားသောပညာရှင်က ဤသို့ရှင်းပြထားသည်။ ပထမ ဟဒီးဆ်တော်၏အလိုသဘောမှာ မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ကြောင်းကို ဆိုလို၍ ဒုတိယ ဟဒီးဆ်တော်၏အလိုသဘောမှာလူသား၏ခြေအနေများအနက်မှ အလ္လာဟ်အရှင်မြတ်နှင့်အနီးကပ်ဆုံးအခြေအနေမှာ သူစဂ်ျဒဟ်ဦးချလျက်ရှိသောအခြေအနေဖြစ်ကြောင်း ဆိုလိုပေသည်။
