အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ ကဗရ်အား ကိုးကွယ်ရာအဖြစ်မပြု လုပ်လိုက်ပါနှင့်။…

အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ ကဗရ်အား ကိုးကွယ်ရာအဖြစ်မပြု လုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည်အလွန်အမျက်ထွက်တော်မူသည်။

အသွာအ်ဗင်န်ယစာရ်နှင့် အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ဆင့်ပြန်ခဲ့သည်။ အို-အလ္လာဟ်အရှင်မြတ်ကျွန်တော်မျိုး၏ ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ ကဗရ်နှင့်ပတ်သက်၍ မိမိ၏ အွမ္မသ်သားတို့က ယဟူဒီ၊ နဆ်ွရာနီတို့ပြုလုပ်သကဲ့သို့ ပြုလုပ်ကြမည်ကို စိုးရိမ်ခဲ့သည်။ ၎င်းတို့သည် မိမိတို့နဗီတမန်တော်များ၏ ကဗရ်များအား အတိုင်းထက်အလွန် ကြည်ညိုလေးစားကာ ကိုးကွယ်ရာများအဖြစ် ပြုလုပ်လိုက်ကြသည်။ ထို့ကြောင့် ကိုယ်တော်မြတ်သည် မိမိကဗရ်အား ထိုကဲ့သို့ မပြုလုပ်ရန် အလ္လာဟ်အရှင်မြတ်ထံ ရိုကျိုးစွာ တောင်းခံခဲ့သည်။ ထို့နောက် ယဟူဒီ၊ နဆ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ ပြင်းထန်သည့် အမျက်ဒေါသနှင့် လအ်နသ်ကျရောက်ရခြင်းနှင့်ပတ်သက်၍ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးပြောကြားခဲ့သည်မှာ ၎င်းတို့သည် နဗီတမန်တော်များ၏ ကဗရ်များအားကိုးကွယ်ခံရသည့် အရာများအဖြစ် ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သောင်ဟီးဒ်တရားတော်နှင့်ဆန့်ကျင်သည့် အလွန်ကြီးလေးသော ရှိရ်က်ဖက်စပ်ကိုးကွယ်မှု၌ ကျရောက်ခဲ့ကြသည်။

فوائد الحديث

နဗီတမန်တော်တို့၏ ကဗရ်များအား အကြည်ညိုလွန်ကဲခြင်းသည် ၎င်းတို့အား ကိုးကွယ်ခံရသည့် အရာများအဖြစ် ပြုလုပ်လိုက်သည်။

ကဗရ်များအား အကြည်ညိုလွန်ကဲခြင်းတစ်ရပ်မှာ ယင်းကဗရ်များအား ဦးချရာနေရာများအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ ၎င်းသည် ရှိရ်က် ကိုဖြစ်စေသည်။

ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်တွင် အရှင်မြတ်၏ ကြီးကျယ်မှုနှင့်လျော်ညီသည့်အတိုင်း အမျက်ဒေါသရှိကြောင်း အတည်ပြုထားသည်။

ကဗရ်သင်္ချိုင်းများအား ဂုဏ်ပေးကြည်ညိုရန် ရည်ရွယ်၍ သွားခြင်းသည် ၎င်းကဗရ်များအား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ ထိုကဗရ်ထဲတွင် မြှုပ်နှံထားသူသည် မည်မျှပင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်သည့်သူဖြစ်စေ ထိုကိစ္စသည် ရှိရ်က်ပင်ဖြစ်သည်။

ကဗရ်များပေါ်တွင် စဂ်ျဒဟ်ဦးချရာနေရာ(ဗလီ)များ တည်ဆောက်ခြင်းသည် ဟရာမ်ဖြစ်သည်။

ဗလီမဆောက်ထားလျှင်လည်း ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းသည် ဟရာမ်ဖြစ်သည်။

التصنيفات

တုဖက်နှိုင်းယှဉ်ခြင်း။, ဗလီဝတ်ကျောင်းတော်များ၏ အမိန့်ပညတ်ချက်များ။