အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏…

အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်များကို) မုန်းတီးပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (ထိုမကောင်း သောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (ပျက်စီးသွားမည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။

အွမ်မုစလမဟ် ဟင်ဒ်ဗင်န်သိ အဗီအုမိုင်ယဟ် ဟုဇိုင်းဖဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်များကို) မုန်းတီးပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (ထိုမကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (ပျက်စီးသွားမည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးမိန့်ကြားခဲ့သည်မှာ မကြာမီပင် အုပ်ချုပ်ရေးအာဏာပိုင်များက ကျွန်ုပ်တို့အပေါ်တွင် ခေါင်းဆောင်များကို ခန့်အပ်လိမ့်မည်။ ထိုခေါင်းဆောင်များ၏ အချို့သောလုပ်ရပ်များသည် တရားတော်နှင့် လျှော်ညီသည့်အတွက် ယင်းလုပ်ရပ်များကိုကျွန်တော်တို့ လက်ခံကြပြီး အချို့သောလုပ်ရပ်များသည် တရားတော်နှင့်ဆန့်ကျင်နေသည့်အတွက် ကျွန်တော်တို့ ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် ထိုမကောင်းသောလုပ်ရပ်အား စိတ်တွင်းမှ မုန်းတီးသော်လည်း ၎င်းတို့၏ဖိနှိပ်ချုပ်ချယ်မှုကို စိုးရိမ်ရသဖြင့် ငြင်းပယ်ကြောင်း ဖော်ထုတ်ရန် မတတ်စွမ်းနိုင်ပါက ထိုသူသည် အပြစ်ကင်းစင်သူပင်ဖြစ်သည်။ အကြင်သူသည် ၎င်းတို့အား လက်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း တားမြစ်ရန်တတ်စွမ်းနိုင်ပြီး ၎င်းတို့အား တားမြစ်ခဲ့ပါက ထိုသူသည် ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ၎င်းတို့၏ မကောင်းသည့်လုပ်ရပ်များကို စိတ်တွင်း၌သဘောတူပြီး လိုက်နာပြုကျင့်ပါက ၎င်းတို့ကဲ့သို့ပင် ပျက်စီးသွားမည်ဖြစ်သည်။ ထို့နောက် သာဝကကြီးများက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု မေးလျှောက်ကြရာ ကိုယ်တော်က ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသမျှ ၎င်းတို့အားစစ်မတိုက်ကြနှင့်ဟု မိန့်ကြားခဲ့သည်။

فوائد الحديث

အကွယ်တွင်ဖြစ်လာမည့်အကြောင်းအရာများနှင့် ပတ်သက်၍ ကြိုတင်သတင်းပေးထားခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ (မုအ်ဂျိဇဟ်)အံ့ဖွယ်ရာများအနက်မှ ဖြစ်သည်။

မကောင်းမှုအား တတ်စွမ်းနိုင်သမျှ ဆန့်ကျင်ခြင်းသည် (ဝါဂျိဗ်)အရေးကြီးတာဝန်ဖြစ်ခြင်းကြောင်း ဤဟဒီးဆ်တော်တွင် အထောက်အထားပါရှိသည်။ အုပ်ချုပ်သူခေါင်းဆောင်များသည် ဆွလာသ်ဆောက်တည်ခြင်းကို မစွန့်လွှတ်သေးသမျှ ၎င်းတို့၏ လက်အောက်မှ ခွဲထွက်ပိုင်ခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဆွလာသ်သည် အစ္စလာမ်နှင့် ကုဖ်ရ်ကြား ခြားနားပေးသောအရာပင်ဖြစ်သည်။

မကောင်းမှုအား ပြောင်းလဲခြင်းနှင့် အုပ်ချုပ်သူအား ဖယ်ရှားရာတွင် ချိန်ဆရမည့်အရာသည် (ရှရီအဟ်) တရားဥပဒေသာလျှင်ဖြစ်ပြီး စိတ်အလိုဆန္ဒ သို့မဟုတ် အမိန့်ဖီဆန်ခြင်း သို့မဟုတ် လူမျိုးရေးခွဲခြားခြင်းများမဟုတ်ပေ။

ဖိနှိပ်သူများနှင့် ပူးပေါင်းပါဝင်ခြင်း၊ ၎င်းတို့အား ရိုင်းပင်းကူညီခြင်း၊ ၎င်းတို့နှင့်တွေ့ဆုံသည့်အခါ မျက်နှာလိုမျက်နှာရလုပ်ခြင်းနှင့် တရားဝင်လိုအပ်ချက်မရှိဘဲ ၎င်းတို့နှင့်အတူထိုင်ခြင်းတို့ မပြုပိုင်ပေ။

အကယ်၍ အာဏာပိုင်များက (ရှရီအဟ်)တရားဥပဒေနှင့် ဆန့်ကျင်သည့် တရားသစ်တီထွင်ဖန်တီးလျှင် ပြည်သူများအနေဖြင့် ထိုကိစ္စအပေါ် ၎င်းတို့အား သဘောတူလက်ခံခြင်း မပြုပိုင်ပေ။

ဆူပူအုံကြွရန်လှုံ့ဆော်ခြင်း၊ စိတ်ဝမ်းကွဲအောင်ပြုလုပ်ခြင်းတို့အား သတိပေးတားမြစ်ထားသည်။ ထိုသို့ပြုခြင်းအား ကောင်းသည်ဟု သတ်မှတ်ခြင်းသည် အပြစ်ကျူးလွန်သော အာဏာပိုင်များ၏ မကောင်းမှုနှင့် ၎င်းတို့ပေးသည့် ဒုက္ခအပေါ် သည်းခံခြင်းထက်ပို၍ မနှစ်မြို့ဖွယ်ဖြစ်သည်။

ဆွလာသ်သည် အစ္စလာမ့်မဏ္ဍိုင်ဖြစ်ပြီး ကုဖ်ရ်နှင့် အစ္စလာမ်ကြား ခြားနားပေးသောအရာဖြစ်သည်။

ဆွလာသ်ကို စွန့်လွှတ်ခြင်းသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်ခြင်းဖြစ်ကြောင်း ဤဟဒီးဆ်တော်တွင် အထောက်ထားပါရှိသည်။ ၎င်းမှာ အုပ်ချုပ်သူအာဏာပိုင်တို့သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အထောက်အထားဖြင့် ပေါ်လွင်ထင်ရှားသည့် ကုဖ်ရ်သွေဖည်ငြင်းပယ်မှုကို ကျူးလွန်ကြောင်း ကျွန်တော်တို့တွေ့မြင်မှသာ ၎င်းတို့အား တော်လှန်တိုက်ခိုက်ခွင့်ရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလာမ်)က ထိုအာဏာပိုင်တို့ ဆွလာသ်ဆောက်တည်ခြင်းမပြုတော့လျှင် ကျွန်တော်တို့အား ၎င်းတို့ကို တိုက်ခိုက်ရန်ခွင့်ပြုလိုက်ခြင်းသည် ဆွလာသ်စွန့်လွှတ်မှုသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အထောက်အထားဖြင့် ပေါ်လွင်ထင်ရှားသည့် ကုဖ်ရ်သွေဖည်ငြင်းပယ်မှုဖြစ်ကြောင်း ညွှန်ပြနေသည်။

التصنيفات

‘အိမာမ်’ခေါင်းဆောင်အောက်မှ ခွဲထွက်ခြင်း။