နိကာဟ်ထိမ်းမြားခြင်း၏ စည်းကမ်းချက်များနှင့် အမိန့်ပညတ်ချက်များ။

နိကာဟ်ထိမ်းမြားခြင်း၏ စည်းကမ်းချက်များနှင့် အမိန့်ပညတ်ချက်များ။

1- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လမ်)က ခွသ်ဗသွလ်ဟာဂျဟ် (တစ်စုံတစ်ရာ ပြောကြားရန် လိုအပ်သည့်အခါ ဟောကြားရသည့် ခွသ်ဗဟ်)ကို ကျွန်တော်တို့အား သင်ကြားပေးခဲ့သည်။ ၎င်းမှာ - ဧကန်အမှန်ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါသည်။ အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါသည်။ ကျွန်တော်မျိုးတို့သည် မိမိတို့၏ မကောင်းမှုများမှ အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါသည်။