ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော…

ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော အရည်များ ထွက်လာခြင်းကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မပြုခဲ့ပါ။

အွမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်ခဲ့သည်။ သူမသည် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံ သစ္စာခံခဲ့သူဖြစ်သည်။ သူမက ပြောသည်မှာ "ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော အရည်များ ထွက်လာခြင်းကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မပြုခဲ့ပါ။"

[صحيح] [رواه أبو داود بهذا اللفظ ورواه البخاري بدون زيادة (بعد الطهر)]

الشرح

ဆွဟာဗီအမျိုးသမီးသာဝကတစ်ဦးဖြစ်သော အွမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ခေတ်က အမျိုးသမီးများသည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် မိန်းမကိုယ်မှ ထွက်သော အညိုရောင် သို့မဟုတ် အဝါရောင် အရည်များကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ထိုအရည်များဆင်းခြင်းကြောင့် ဆွလာသ်ဝတ်ပြုခြင်း သို့မဟုတ် ရိုဇာထားခြင်းကို မရပ်ဆိုင်းခဲ့ကြပေ။

فوائد الحديث

ဓမ္မတာသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် မိန်းမကိုယ်မှ ထွက်သော အရည်တွင် အညိုရောင် သို့မဟုတ် အဝါရောင် ပါဝင်နေလျင်လည်း ယင်းအရည်ကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မမှတ်ယူပေ။

ဓမ္မတာသွေးဆင်းသည့်ကာလအတွင်းဖြစ်စေ လစဉ်ပုံမှန်သွေးဆင်းသည့်ကာလအတွင်းဖြစ်‌စေ ထွက်သော အညိုရောင် သို့မဟုတ် အဝါရောင် အရည်များကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူသည်၊ အဘယ့်ကြောင့်ဆိုသော် လစဉ်ပုံမှန်သွေးဆင်းသည့်ကာလအတွင်း ရောနှောနေသော အရည်တစ်မျိုးဖြစ်သောကြောင့် ဖြစ်သည်။

အမျိုးသမီးတစ်ဦးသည် ဓမ္မတာသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ထွက်သော အညိုရောင် သို့မဟုတ် အဝါရောင် အရည်များကြောင့် ဆွလာသ်ဝတ်ပြုခြင်း သို့မဟုတ် ရိုဇာထားခြင်းကို မရပ်ဆိုင်းသင့်ပါ၊ ထိုအစား ဝူဿွူပြုလုပ်ပြီး ဆွလာသ်ဝတ်ပြုသင့်သည်။

التصنيفات

ဓမ္မတာသွေး၊ မီးဖွားပြီး နိဖာစ်သွေး၊ ရောဂါသွေး။