အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည်…

အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။

အဘူ မူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ ပြစားရန်အတွက် စစ်မက်တိုက်ခိုက်သူတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။

[صحيح] [متفق عليه]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ လူတို့ထံ၌ မိမိ၏အဆင့်အတန်းကိုပြသရန် သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုအတွက် စစ်မက်တိုက်ခိုက်သူစသည်ဖြင့် တိုက်ခိုက်ရးသမားများ၏ မတူညီသော ရည်ရွယ်ချက်များအကြောင်း လျှောက်ထားမေးမြန်းခြင်းခံရသည်။ ၎င်းတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်သူသာလျှင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူဖြစ်သည်။

فوائد الحديث

အမလ် ကောင်းမှုများမှန်ကန်ခြင်း၊ ပျက်စီးခြင်းတို့သည် ‘နိယာသ်’ ရည်စူးချက်နှင့် အမလ်ကောင်းမှု၌ အလ္လာဟ်အရှင်မြတ်အတွက် အိခ်လာဆ်ွရှိခြင်းတို့အပါ်တွင် မူတည်သည်။

ဂျဟားဒ်လုပ်ခြင်း၏ ရည်ရွယ်ချက်သည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက်ဖြစ်ပါက ထိုရည်ရွယ်ချက်၌ သုံ့ပန်းပစ္စည်းရယူခြင်းကဲ့သို့ ရှရီအဟ် တရားတော်က ခွင့်ပြုထားသည့် အခြားရည်ရွယ်ချက် ပါဝင်လာလျှင်လည်း မူလရည်ရွယ်ချက်ကို မထိခိုက်စေပါ။

အမိမြေနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ရန်သူများကို တွန်းလှန်တိုက်ခိုက်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်ခြင်း၌ ပါဝင်သည်။

မုဂျာဟိဒ်များနှင့် ပတ်သက်၍ လာရှိထားသော မွန်မြတ်မှုများသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’တော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်သူနှင့်သာ သက်ဆိုင်သည်။

التصنيفات

ဂျိဟာဒ်၏ အာဒါဗ်စည်းကမ်းချက်များ။