အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)…

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [သိရ်မိဇီကျမ်း။]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) တို့နှစ်ဦးသည် နဗီတမန်တော်များပြီးနောက် အမြတ်ဆုံးသောလူသားများဖြစ်ပြီး နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များပြီးနောက် ဂျန္နသ်သို့ ဝင်ရောက်ရမည့်သူများအနက် အကောင်းဆုံးလူသားများ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) တို့သည် နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များပြီးနောက် အမြတ်ဆုံးလူသားများ ဖြစ်သည်။

ဂျန္နသ်တွင်လူလတ်ပိုင်း(လေးဆယ်ကျော်)အရွယ်ရှိသူ မည်သူမျှ ရှိမည်မဟုတ်။ ဂျန္နသ်သို့ဝင်ရောက်မည့်သူတိုင်း၏ အသက်သည် ၃၃ နှစ် ဖြစ်လိမ့်မည်။ ဤဟဒီးစ်တော်၏ ဆိုလိုရင်းမှာ ၎င်းတို့နှစ်ဦး (အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) )သည် ဤလောက၌ လူလတ်ပိုင်းအရွယ်တွင် ကွယ်လွန်ခဲ့သူအားလုံး၏ ခေါင်းဆောင်များ ဖြစ်လိမ့်မည်။ သို့မဟုတ် ဤဟဒီးစ်တော်ကို မိန့်ကြားစဉ်က ဒွန်ယာလောကရှိလူများ၏ အသက်အရွယ်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

التصنيفات

ဆွဟာဗဟ်(رضي الله عنهم)တို့၏ အဆင့်အတန်းများ။, ဆွဟာဗဟ်( رضي الله عنهم)များ၏ ထွတ်မြတ်မှုများ။