ဆွဟာဗဟ်( رضي الله عنهم)များ၏ ထွတ်မြတ်မှုများ။

ဆွဟာဗဟ်( رضي الله عنهم)များ၏ ထွတ်မြတ်မှုများ။

1- ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။