ဆွဟာဗဟ်( رضي الله عنهم)များ၏ ထွတ်မြတ်မှုများ။

ဆွဟာဗဟ်( رضي الله عنهم)များ၏ ထွတ်မြတ်မှုများ။

1- ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။

3- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။