“ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့)…

“ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ။” စွဟာဗီတစ်ပါးက“အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား (ကိုယ် တော် ဘဒ်ဒုအာပြု‌ နေပါသနည်း)” ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- “မိမိ၏မိဘနှစ်ပါး(သို့မဟုတ်)နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပြီး (၎င်းတို့အား ကျေးဇူးပြုခြင်းဖြင့်) ဂျန္နတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သူဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ။” စွဟာဗီတစ်ပါးက“အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား (ကိုယ် တော် ဘဒ်ဒုအာပြု‌ နေပါသနည်း)” ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- “မိမိ၏မိဘနှစ်ပါး(သို့မဟုတ်)နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပြီး (၎င်းတို့အား ကျေးဇူးပြုခြင်းဖြင့်) ဂျန္နတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သူဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (တစ်စုံတစ်ဦးအား) ထိုသူ၏ နှာခေါင်းသည် မြေကြီးထဲတွင် နစ်မြုပ်သွားသကဲ့သို့ ဖြစ်သွားသည်အထိ နှိမ့်ကျ‌သေးသိမ်ရန်နှင့် အရှက်တကွဲအကျိုးနည်းဖြစ်ရန် ဘဒ်ဒုအာပြုလုပ်ခဲ့၏။ ထိုစကားကို (၃)ကြိမ်တိုင်တိုင် ပြန်လည်၍ မိန့်ကြားတော်မူခဲ့သည်။ ( စွဟာဗီတစ်ပါးက တမန်တော်မြတ်အား ) “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား ကိုယ်တော် ဘဒ်ဒုအာပြုခဲ့ပါသနည်း ” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- မိမိ၏ မိဘနှစ်ပါးလုံး (သို့မဟုတ်) နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်နိုင်ရန် အကြောင်းခံမဖြစ်စေခဲ့သူ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းသည် ထိုမိဘနှစ်ပါးအား ကောင်းမွန်စွာ ပြုမူဆက်ဆံခြင်း မရှိခဲ့သကဲ့သို့ ၎င်းတို့၏ အမိန့်ကိုဖီဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

မိဘနှစ်ပါးအား ကောင်းမွန်စွာဆက်ဆံခြင်းသည် ဝါဂျိဗ်တာဝန် ဖြစ်ပြီး၊ ဂျန္နတ်သို့ ဝင်ရောက်ရန် အကြောင်းခံတစ်ရပ်လည်းဖြစ်သည်။ အထူးသဖြင့် ၎င်းတို့ အိုမင်းရင့်ရော်ပြီး အားအင်ချိနဲ့နေချိန်တွင် ဖြစ်သည်။

မိဘနှစ်ပါး၏ အမိန့်ဖီဆန်ခြင်းသည် ဂုနဟ်ကဗီရဟ် ( ကြီးလေးသည့်အပြစ်အကုသိုလ်များ )ထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

التصنيفات

မိဘနှစ်ပါးအား ကောင်းမွန်စွာပြုစုဆက်ဆံခြင်း၏ ထွတ်မြတ်မှုများ။