- “ဧကန်စင်စစ် ဤအရာနှစ်ခုသည် ကျွန်ုပ်…

- “ဧကန်စင်စစ် ဤအရာနှစ်ခုသည် ကျွန်ုပ် ၏အမျိုးသားတို့အပေါ်၌ ဟရာမ် (တားမြစ်ထားသည့်အရာ) ဖြစ်ပြီး၊ ၎င်းတို့၏ အမျိုးသမီးများအတွက်မူ ဟလာလ် (ခွင့်ပြုထားသည့်အရာ) ဖြစ်၏။

အလီ ဗင်န် အဗူသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပိုးထည်ကို မိမိ၏ဘယ်လက်တွင်လည်းကောင်း၊ ရွှေကို ညာလက်တွင်လည်းကောင်း ကိုင်တွယ်ကာ၊ ထိုနှစ်အရာနှစ်ခုကို မိမိ၏ လက်နှစ်ဖက်ဖြင့် မြှောက်ပြလျက် မိန့်ကြားတော်မူသည်မှာ - “ဧကန်စင်စစ် ဤအရာနှစ်ခုသည် ကျွန်ုပ် ၏အမျိုးသားတို့အပေါ်၌ ဟရာမ် (တားမြစ်ထားသည့်အရာ) ဖြစ်ပြီး၊ ၎င်းတို့၏ အမျိုးသမီးများအတွက်မူ ဟလာလ် (ခွင့်ပြုထားသည့်အရာ) ဖြစ်၏။

[صحيح] [رواه أبو داود والنسائي وابن ماجه]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ပိုးထည် သို့မဟုတ် ပိုးထည်အစတစ်စကို ဘယ်ဘက်လက်ဖြင့်လည်းကောင်း၊ လက်ဝတ်တန်ဆာ သို့မဟုတ် အလားတူသည့်အရာထဲမှ ရွှေကို ညာဘက်လက်ဖြင့်လည်းကောင်း ကိုင်တွယ်ကာ ဤပိုးထည်နှင့်‌ရွှေသည် အမျိုးသားများအတွက် ဝတ်ဆင်ခြင်း ဟရာမ်ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက်မူ ဝတ်ဆင်ခြင်း ဟလာလ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

ပညာရှင်ကြီး စင်ဒီက မိန့်ဆိုသည်မှာ (ဟရာမ်) ဟုဆိုရာတွင် ဤပစ္စည်းနှစ်မျိုးကို ဝတ်ဆင်ရာတွင် အသုံးပြုခြင်းကို ဆိုလိုသည်။ သို့သော် ယင်းပစ္စည်းများကို လဲလှယ်ခြင်း၊ သုံးစွဲခြင်း၊ အရောင်း

အဝယ်လုပ်ခြင်းသည် အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ခွင့်ပြုထားသည်။ ရွှေကို ခွက်၊ ပန်းကန်ပြုလုပ်၍ အသုံးပြုခြင်းမှာမူ အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ဟရာမ်ဖြစ်သည်။

အလှဆင်ခြင်းနှင့် အလားတူ လိုအပ်ချက်များအတွက် အမျိုးသမီးများအ‌ပေါ် အစ္စလာမ့်တရားတော် ၏ (ခွင့်ပြုချက်များအား) ကျယ်ဝန်းစေခြင်း။

التصنيفات

ဝတ်စားဆင်ယင်ခြင်း။