မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။…

မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အစ္စလာမ့်တရားတော်ကို ပြည့်ဝစွာလိုက်နာသူ မွတ်စ်လင်မ်ဟူသည် အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေပြီးသူတစ်ပါးအား ဆဲရေးတိုင်းထွာခြင်းလည်းမပြု၊ ကျိန်ဆဲခြင်းလည်းမပြု၊ နောက်ကွယ်အတင်းပြောခြင်းလည်းမပြု၊ မိမိနှုတ်လျှာဖြင့် အခြားသူများဒုက္ခရောက်စေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ကျူးလွန်ခြင်းလည်းမရှိသောသူဖြစ်သည်။ ထို့ပြင် မိမိ၏လက်ဖြင့်အခြားသူများအား ကျူးလွန် စော်ကားခြင်းလည်းမပြု၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာများအား မတရားသိမ်းယူခြင်း စသည့် မကောင်းသော အပြုအမူများကိုလည်း မပြုပေ။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။

فوائد الحديث

အခြားသူများအား ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေခြင်းမရှိမှသာ ပြည့်ဝသော မွတ်စ်လင်မ်ဖြစ်မည်။

ဟဒီးဆ်တော်၌နှုတ်လျှာနှင့် လက်ကိုသာ သီးသန့်ဖော်ပြထားခြင်းမှာ နှုတ်လျှာနှင့် လက်တို့၏ အမှားများနှင့် ဆိုးကျိုးများသည် အလွန်ပင်များပြားသောကြောင့်ဖြစ်သည်။ မကောင်းမှုအများစုသည် နှုတ်လျှာနှင့် လက်မှ ထွက်ပေါ်လေ့ရှိသည်။

အပြစ်များကို ရှောင်ကြဉ်ရန်နှင့် အလ္လာဟ်အရှင်မြတ် ၏အမိန့်တော်များကို စွဲမြဲစွာလိုက်နာရန် တိုက်တွန်းထားသည်။

အလ္လာဟ်အရှင်မြတ်က ရသင့်ရထိုက်သော အခွင့်အရေးများနှင့် မွတ်စ်လင်မ်တို့ ရသင့်ရထိုက်သော အခွင့်အရေးများကို ပေးဆပ်ခဲ့သူသည် အကောင်းဆုံးသော မွတ်စ်လင်မ်ဖြစ်သည်။

သူတစ်ပါးကို စော်ကားခြင်းသည် အပြောအဆို သို့မဟုတ် လုပ်ရပ်ဖြင့် ဖြစ်နိုင်ပေသည်။

အလ္လာဟ်အရှင်မြတ်တားမြစ်ထားသောအရာများကို စွန့်လွှတ်ခြင်းသည် ပြည့်ဝသော ဟိဂ်ျရဟ်ဖြစ်သည်။

التصنيفات

အီမာန် တိုးပွားခြင်းနှင့် လျော့နည်းခြင်း။, ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။, စကားပြောခြင်းနှင့် ဆိတ်ဆိတ်နေခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။