အလ္လာဟ်အရှင်မြတ်သည် လူတစ်ဦးအား အုပ်စုတစ်စုကို ခေါင်းဆောင်ရန် ခန့်အပ်ထားရာ ထိုသူသည် ၎င်းတို့ကို…

အလ္လာဟ်အရှင်မြတ်သည် လူတစ်ဦးအား အုပ်စုတစ်စုကို ခေါင်းဆောင်ရန် ခန့်အပ်ထားရာ ထိုသူသည် ၎င်းတို့ကို လိမ်လည်လှည့်စားကာ ကွယ်လွန်ချိန်ဆိုက်ရောက်သဖြင့် ကွယ်လွန်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ဂျန္နသ်သုခဘုံကို ဟရာမ်ပြုတော်မူမည် ဖြစ်သည်။

မအ်ကလ် ဗင်န် ယစာရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် လူတစ်ဦးအား အုပ်စုတစ်စုကို ခေါင်းဆောင်ရန် ခန့်အပ်ထားရာ ထိုသူသည် ၎င်းတို့ကို လိမ်လည်လှည့်စားကာ ကွယ်လွန်ချိန်ဆိုက်ရောက်သဖြင့် ကွယ်လွန်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ဂျန္နသ်သုခဘုံကို ဟရာမ်ပြုတော်မူမည် ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

မအ်ကလ် ဗင်န် ယစာရ်၏ ဤဟဒီးဆ်တော်တွင်လက်အောက်ငယ်သားတို့အား လိမ်လည်လှည့်စားခြင်းကို သတိပေးတားမြစ်ထားသည်။၎င်းမှာ“အလ္လာဟ်အရှင်မြတ်သည် လူတစ်ဦးအား အုပ်စုတစ်စုကို ခေါင်းဆောင်ရန် ခန့်အပ်ထားရာ”ဟူသည့် သြဝါဒတော်၏ ဆိုလိုရင်းမှာ ထိုသူ့ကို အုပ်စုတစ်စုအား အုပ်ချုပ်ရန် လွှဲအပ်ထားပြီး ၎င်းအား လက်အောက်ငယ်သားတို့၏အကျိုးစီးပွားများကို ဦးစီးဆောင်ရွက်ရန် အခွင့်အာဏာ ပေးအပ်ထားသည်။ (“ရအိယ္ယဟ်”၏ အဓိပ္ပာယ်မှာ လက်အောက် ငယ်သားများ ဖြစ်သည်။ “အရ်ရာအီ”ဟူသည်မိမိ၏ လက်အောက်ငယ်သားများအား တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ရသူဖြစ်သည်။) “ထိုသူသည် ၎င်းတို့ကို လိမ်လည်လှည့်စားကာ ကွယ်လွန်ချိန် ဆိုက်ရောက်သဖြင့် ကွယ်လွန်သွားလျှင် ”ဟူသည် အုပ်ချုပ်ခံတို့အပေါ် အလွဲသုံးစားပြုသူကို ဆိုလိုသည်။ “ကွယ်လွန်ချိန်”ဟူသည် ရူဟ် ဝိဉာဉ်ထွက်သွားသည့်အချိန်နှင့် ထိုအချိန်မတိုင်မီ သောင်ဝ်ဗဟ်လက်မခံတော့မည့် အခြေအနေကိုဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အခြေနေမျိုးမဆိုက်ရောက်မီ မိမိ၏ အလွဲသုံးစားပြုမှု၊တာဝန်ပေါ့လျော့မှုတို့အပေါ် အမှားဝန်ချတောင်းပန်သူသည် ဤသတိပေးခြိမ်းခြောက်မှုတွင် မပါဝင်တော့ပေ။ အကြင်သူသည် အများနှင့်သက်ဆိုင်သည့်ကိစ္စ၌ဖြစ်စေ၊ သီးသန့် ကိစ္စရပ်၌ဖြစ်စေ မိမိ၏အုပ်ချုပ်မှုအာဏာကို အလွဲသုံးစားပြုခဲ့ပါက ထိုသူနှင့်ပတ်သက်၍ မှန်ကန်သူ၊ မှန်ကန်သည်ဟု ထောက်ခံခြင်းခံရသူ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ဂျန္နသ်သုခဘုံကို ဟရာမ်ပြုတော်မူမည်”ဟု သတိပေးခြိမ်းခြောက်တော်မူခဲ့ပေသည်။ ဆိုလိုသည်မှာ အလွဲသုံးစားလုပ်ခြင်းကို ဟလာလ် ပြုပိုင်သည်ဟု ယုံကြည်လျှင် ၎င်းအပေါ်ဂျန္နသ်ကို ဟရာမ်ပြုမည်ဖြစ်ပြီး ထိုသို့ယုံကြည်ချက်မရှိလျှင် ဂျန္နသ်သို့ ဦးစွာဝင်ရမည့်သူများနှင့်အတူ ဝင်ရောက်ရမည်မဟုတ်ပေ။

فوائد الحديث

လက်အောက်ငယ်သားများ၏ အရေးကိစ္စများကို အလေးမထားသော တာဝန်ခံများနှင့်ပတ်သက်၍ ပြင်းထန်သော သတိပေးခြိမ်းခြောက်မှု လာရှိထားသည်။

ဤဟဒီးဆ်တော်သည် နိုင်ငံ့အကြီးအကဲများ၊ ၎င်းတို့၏ လက်ထောက်များနှင့်သာ သီးသန့်သက်ဆိုင်သည်မဟုတ်ဘဲ ၎င်းသည် အလ္လာဟ်အရှင်မြတ်က လက်အောက်ခံတို့ကို အုပ်ထိန်းရန် တာဝန်ခံအဖြစ် သတ်မှတ်ပေးထားသော ဖခင်၊ ကျောင်းအုပ်ဆရာနှင့် ၎င်းတို့ကဲ့သို့သောသူများ အားလုံးနှင့်သက်ဆိုင်ပေသည်။

အကယ်၍ လိမ်လည်လှည့်စားသူသည် မကွယ်လွန်မီအလျင် အမှားဝန်ချတောင်းပန်ခဲ့ပါက ၎င်းသည် အထက်ပါခြိမ်းခြောက်မှုတွင် မပါဝင်တော့ပေ။

အုပ်ချုပ်သူများအား မိမိတို့၏ တိုင်းသူပြည်သားများ၏ တာဝန်နှင့်ပတ်သက်၍ ပေါ့လျော့ခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို အလေးမထားခြင်း၊ ၎င်းတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးစေခြင်းတို့ကို မပြုလုပ်ရန် သတိပေးတားမြစ်ထားသည်။

အစိုးရအပေါ်တွင် ပြည်သူများ၏ ကောင်းကျိုးနှင့် ပတ်သက်၍ အကောင်းဆုံး ကြိုးစားအားထုတ်ရန် တာဝန်ရှိကြောင်းနှင့် ထိုတာဝန်ကို ပေါ့လျော့ကြသူများသည် အောင်မြင်မှုရရှိကြသူများနှင့်အတူ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ကြောင်း တင်ပြထားသည်။

အစ္စလာမ်တွင် အစိုးရရာထူး၏ အရေးကြီးပုံကို ရှင်းလင်းတင်ပြထားသည်။

التصنيفات

အစ္စလာမ့် နိုင်ငံရေး။