إعدادات العرض
မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏…
မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။
الترجمة
العربية Bosanski English فارسی Français Русский हिन्दी Bahasa Indonesia 中文 বাংলা اردو Español Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල ไทย 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە Hausa دری Кыргызча Lietuvių Kinyarwanda नेपाली or ಕನ್ನಡ Română Soomaali Српски Wolof Українська Tagalog Moore Azərbaycan ქართული Magyar मराठी Deutsch Македонски Bambara አማርኛ Malagasy Oromoo ភាសាខ្មែរ ਪੰਜਾਬੀ Türkçe Italiano O‘zbekالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ‘မုအာဟဒ်’ (လုံခြုံမှုပေးရေး ကတိကဝတ်ဖြင့် မွတ်စ်လင်မ်နိုင်ငံသို့ ဝင်ရောက်လာသူ ဘာသာ ခြား)အား သတ်ဖြတ်သူနှင့် ပတ်သက်၍ ပြင်းထန်သည့် သတိပေးခြိမ်း ခြောက်မှု ရှိကြောင်းကို ရှင်းပြတော်မူခဲ့သည်။ ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ ဧကန်အမှန်ပင် ဂျန္နသ်၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။فوائد الحديث
မုအာဟဒ်၊ ဇင်မ္မီ၊ မွတ်စ်သအ်မန်တို့ကို သတ်ဖြတ်ခြင်းအား တားမြစ်ထားသည်။ ထိုသို့သတ်ဖြတ်ခြင်းသည် ပြစ်မှုဒုစရိုက်ကြီးများတွင် ပါဝင်သည်။
‘မုအာဟဒ်’ဟူသည် မိမိနိုင်ငံတွင် မိမိနေထိုင်သော ဘာသာခြားဖြစ်ပြီး မွတ်စ်လင်မ်တို့နှင့် စစ်တိုက်ခြင်းမပြုရန် အပြန်အလှန် ကတိကဝတ်ပြုထားသူဖြစ်သည်။ ‘ဇင်မ္မီ’ ဟူသည် မွတ်စ်လင်မ်နိုင်ငံတွင် အခွန်ပေးဆောင်ကာ အခြေချနေထိုင်သူဖြစ်သည်။ ‘မွတ်စ်သအ်မန်’ ဟူသည် အကာအကွယ်ပေးရေး၊ လုံခြုံမှုပေးရေး ကတိကဝတ်ဖြင့် မွတ်စ်လင်မ်နိုင်ငံသို့ အချိန်ကာလတစ်ခုထိ လာရောက်သူဖြစ်သည်။
မွတ်စ်လင်မ် မဟုတ်သူများနှင့် ထားရှိသည့် ကတိအဝတ်များ ချိုးဖောက်ခြင်းကို သတိပေးတားမြစ်ထားသည်။