إعدادات العرض
သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို…
သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Kurdî Português සිංහල Nederlands অসমীয়া Kiswahili ગુજરાતી پښتو Română മലയാളം Deutsch ქართული नेपाली Magyar Moore తెలుగు Svenska Кыргызча ಕನ್ನಡ Українська Kinyarwanda Oromoo Македонски ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof ភាសាខ្មែរ Lietuvių தமிழ் Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် ဝူဿွူ ပြုလုပ်ပြီးနောက် ခြေအိတ်များ ဝတ်ဆင်ခဲ့မည်။ ထို့နောက် ဝူဿွူ ပျက်ပြားသွားသည့်အခါ သူအလိုရှိပါက သတ်မှတ်ထားသော ကာလအထိ ယင်းခြေအိတ်များပေါ်၌ မစဟ် (ပွတ်သတ်ခြင်း) ပြုလုပ်ခွင့်ရှိပြီး၊ ယင်းခြေအိတ်များကို ချွတ်ရန်မလိုဘဲ ဝတ်ဆင်ထားလျှက်ပင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်ဟု မိန့်ကြားတော်မူထားသည်။ သို့ရာတွင် ဂျနာဗသ် (ရေချိုးရမည့် အခြေအနေ) ဖြစ်ပေါ်ပါက ခြေအိတ်များကို ချွတ်၍ ဂုစုလ် (ရေချိုးခြင်း) ပြုလုပ်ရမည်ဖြစ်သည်။فوائد الحديث
ခြေအိတ်ပေါ်၌ မစဟ် ပြုလုပ်ရန် ခွင့်ပြုခြင်းသည် ခြေအိတ်ကို ပြည့်ဝသည့် သန့်စင်မှု ပြုလုပ်ပြီး (ရေချိုးခြင်း ( သို့ ) ဝူဿွူ ပြုလုပ်ပြီး) ဝတ်ဆင်ခဲ့မှသာဖြစ်သည်။
မစဟ်ပြုလုပ်ခြင်း၏ သတ်မှတ်ကာလမှာ- မူကီးမ် ( မိမိနေရပ်တွင် ရှိနေသူ ) အတွက် တစ်နေ့တစ်ည (၂၄ နာရီ)ဖြစ်ပြီး၊
မုစာဖိရ် ( ခရီးသည် ) အတွက် သုံးရက်သုံးည (၇၂ နာရီ) ဖြစ်သည်။
ခြေအိတ်ပေါ်၌ မစဟ် ပြုလုပ်ခြင်းသည် ဟဒတ်စ်အတ်စ်ဂရ် ( အပေါ့၊ အလေး စွန့်ခြင်းကဲ့သို့ သေးငယ်သော မသန့်မှု )အတွက်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး၊ ဟဒတ်စ်အတ်က်ဗရ် ( ကိုယ်မသန့်ခြင်းကြောင့် ရေချိုးရန်လိုအပ်သော ကြီးမားသော မသန့်မှု ) အတွက် ခွင့်မပြုပါ။ ဟဒတ်စ်အတ်က်ဗရ် ( ကိုယ်မသန့်ခြင်းကြောင့် ရေချိုးရန်လိုအပ်သော ကြီးမားသော မသန့်မှု ) ဖြစ်ပေါ်ပါက ခြေအိတ်များကို ချွတ်၍ ခြေထောက်များကို ဆေးကြောရမည်။
ယဟူဒီများနှင့် မတူခြားနားစေရန် ဖိနပ်၊ ခြေအိတ် စသည်တို့ကို ဝတ်ဆင်လျက် ဆွလာသ် ဝတ်ပြုခြင်းသည် မွစ်သဟဗ် ဖြစ်သည်။ သို့ရာတွင် စည်းကမ်းချက်မှာ ယင်းဖိနပ်နှင့် ခြေအိတ် စသည်တို့သည် သန့်ရှင်းစင်ကြယ်ပြီး ဝတ်ပြုသူများအား အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ဗလီများကို ညစ်ညမ်းစေခြင်း မရှိမှသာလျှင် ဖြစ်သည်။ ဥပမာအားဖြင့်၊ ကော်ဇောခင်းထားသော ဗလီများတွင် ဖိနပ်များ၊ ခြေအတ်များကို ဝတ်ဆင်၍ ဆွလာသ် ဝတ်ပြုခြင်း မပြုရပေ။
ခြေအိတ်ပေါ်၌ မစဟ် ပြုလုပ်ခြင်းသည် အမှန်စင်စစ် ဤအွမ္မသ်သားများအပေါ် လွယ်ကူစေရန်နှင့် ဝန်ထုပ်ဝန်ပိုးများ ပေါ့ပါးစေရန် အတွက်သတ်မှတ်ထားခြင်းဖြစ်သည်။
