إعدادات العرض
“ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက…
“ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးအပေါ် ပြစ်ဒဏ်ချမှတ်တော်မူရန် အလွန်နီးကပ်နေပြီဖြစ်သည်။
အဗူဘကရ်ဆွဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ပြောကြားခဲ့သည်- အို-လူအပေါင်းတို့... အသင်တို့သည် ဤအာယသ်တော်ကို ဖတ်ရွတ်ကြ၏- "အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ် ပို့ချ ညွှန်ကြား ပြသပြီးနောက်) အသင်တို့ ကိုယ်ကို အသင်တို့ (ထိန်းသိမ်း စောင့်ရှောက်ရန်) အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ပေ။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ဤသို့ မိန့်ကြားသည်ကို ကြားခဲ့၏- “ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးအပေါ် ပြစ်ဒဏ်ချမှတ်တော်မူရန် အလွန်နီးကပ်နေပြီဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල Tiếng Việt دری অসমীয়া Svenska Кыргызча Yorùbá ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛ ភាសាខ្មែរ Shqip தமிழ்الشرح
အဗူဘကရ်ဆွဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု) အသိပေးတင်ပြခဲ့သည်- လူတို့သည် ဤအာယသ်တော်ကို ဖတ်ရွတ်ကြ၏- “ အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ် ပို့ချ ညွှန်ကြား ပြသပြီးနောက်) အသင်တို့ ကိုယ်ကို အသင်တို့ (ထိန်းသိမ်း စောင့်ရှောက်ရန်) အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ပေ။" (စူရဟ်မာအိဒဟ် - ၁၀၅ )။ သို့ရာတွင် ၎င်းတို့သည် ဤအာယသ်တော်မှ လူသားတစ်ဦးအပေါ်၌ မိမိကိုယ်ကို ပြုပြင်ရန်သာ တာဝန်ရှိပြီး၊ အခြားသူတစ်ဦးဦး လမ်းမှားရောက်ခြင်းသည် မိမိအား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ဟု (မှားယွင်းစွာ) နားလည်သဘောပေါက်ကြသည်။ ထို့ပြင် ၎င်းတို့သည် ကောင်းမှုကို ညွှန်ကြားခြင်း (အမ်ရ်ဘိလ်မအ်ရူဖ်) နှင့် မကောင်းမှုမှ တားမြစ်ခြင်း (နဟီအနိလ်မွန်ကရ်) ကိုပြုလုပ်ရန်တာဝန်မရှိဟုလည်း ထင်မှတ်ကြသည်။ ထို့ကြောင့် အဗူဘကရ်( ရဿွိယလ္လာဟု အန်ဟု ) ထိုသို့မဟုတ်ကြောင်း ၎င်းတို့အား သိစေခဲ့သည်။ ထို့ပြင် အဗူဘကရ်( ရဿွိယလ္လာဟု အန်ဟု )က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဧကန်အမှန် လူတို့သည် မတရားသူကို မြင်လျက်၊ သူ့ကို တားဆီးနိုင်စွမ်းရှိပါလျက် သူ၏မတရားမှုမှ မတားဆီးကြပါက၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို မိမိထံတော်မှ ပြစ်ဒဏ်ချမှတ်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။ (ထိုပြစ်ဒဏ်သည်) မကောင်းမှုကို ပြုလုပ်သူအတွက်သာမက (မြင်လျက်နှင့် မတားဆီးဘဲ) ဆိတ်ဆိတ်နေသူအတွက်ပါ သက်ရောက်လိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်ကို ကြားသိခဲ့ရကြောင်း ၎င်းတို့အား ပြောကြားခဲ့သည်။فوائد الحديث
မွတ်စ်လင်မ်များအပေါ် တစ်ဦးကိုတစ်ဦး ကောင်းရာညွှန်ကြားခြင်း၊ ကောင်းမှုကို ညွှန်ကြားခြင်းနှင့် မကောင်းမှုကို တားမြစ်ခြင်း ပြုလုပ်ရန် တာဝန်ရှိသည်။
အလ္လာဟ်အရှင်မြတ်၏ ယေဘုယျပြစ်ဒဏ်သည် မတရားသူအား သူ၏မတရားမှုကြောင့်လည်းကောင်း၊ တားဆီးနိုင်စွမ်းရှိပါလျက် ဆိတ်ဆိတ်နေသူအားလည်းကောင်း သက်ရောက်မည်ဖြစ်သည်။
လူသာမာန်များအား ကျမ်းမြတ်ကုရ်အာန်လာ အာယာသ်တော်များ ( အမိန့်တော်များ )ကို မှန်ကန်စွာသင်ကြားပေးရန်နှင့် မှန်ကန်စွာ နားလည်သဘောပေါက်စေရန် (တာဝန်ရှိသည်)။
လူသားတစ်ဦးအပေါ် တာဝန်ရှိသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျမ်းဂန်ကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် အဓိပ္ပာယ်ကောက်ယူခြင်း မရှိစေရန် ဖြစ်သည်။
ကောင်းမှုကို ညွှန်ကြားခြင်းနှင့် မကောင်းမှုမှတားမြစ်ခြင်းကို စွန့်လွှတ်ခြင်းဖြင့် လမ်းမှန်တရားကို ရရှိနိုင်မည် မဟုတ်ပေ။
အာယသ်တော်၏ မှန်ကန်သော သဖ်စီရ်ဖွင့်ဆိုချက်မှာ - အပြစ်ဒုစရိုက်များမှ မိမိတို့ကိုယ်ကို စောင့်ထိန်းကြလော့။ ထိုသို့ မိမိတို့ကိုယ်ကို စောင့်ထိန်းပါက အကယ်၍ အသင်တို့သည် ကောင်းမှုကို ညွှန်ကြားခြင်းနှင့် မကောင်းမှုကို တားမြစ်ခြင်း ပြုလုပ်နိုင်စွမ်းမရှိလျှင်၊ သင်တို့ကိုယ်တိုင် ထိုအရာများ(အပြစ်ဒုစရိုက်များ)မှ ရှောင်ကြဉ်လျက် လမ်းမှန်ရရှိထားပါက(အခြားသူများ၏) လမ်းမှားခြင်းသည် အသင်တို့အား အကျိုးယုတ်နစ်နာစေနိုင်မည် မဟုတ်တော့ပေ ဟူ၍ ဖြစ်သည်။
