မည်သူမဆိုဟဂ်ျပြုရာတွင် ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားကိုလည်းမပြောဆို၊ အပြစ်ကျူးလွန်ခြင်းလည်း…

မည်သူမဆိုဟဂ်ျပြုရာတွင် ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားကိုလည်းမပြောဆို၊ အပြစ်ကျူးလွန်ခြင်းလည်း မရှိခဲ့သော် ၎င်းသည် သူ၏မိခင်က သူ့အား မွေးဖွားခဲ့သည့်နေ့ကအတိုင်း (အပြစ်ကင်းစင်သူအဖြစ်)ပြန်ရောက်လာမည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မည်သူမဆို ဟဂ်ျပြုရာတွင် ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားကိုလည်း မပြောဆို၊ အပြစ်ကျူးလွန်ခြင်းလည်း မရှိခဲ့သော် ၎င်းသည် သူ၏မိခင်က သူ့အား မွေးဖွားခဲ့သည့်နေ့ကအတိုင်း(အပြစ်ကင်းစင်သူအဖြစ်) ပြန်ရောက်လာမည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

الشرح

အကြင်သူသည် ဟဂျ်၏ကျင့်စဥ်များကို ပြုကျင့်ရာ၌ ညစ်ညမ်းသောစကားကိုမ မပြောဆို၊ မကောင်းသောလုပ်ရပ်နှင့် မကောင်းမှုတစ်စုံတစ်ရာကိုလည်းမကျူးလွန်ဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ဟဂ်ျပြုခဲ့သော် ထိုသူသည် အပြစ်ကင်းစွာ မွေးဖွားလားသည့် ကလေးပမာ အပြစ်ကင်းစင်သူအဖြစ် ဟဂျ်မှပြန်ရောက်လာမည်ဖြစ်သည်။ ဟဂ်ျသည် အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်ဆိုသည်မှာ သေးငယ်သော အပြစ်အကုသိုလ်တို့နှင့်သာ သက်ဆိုင်ပြီး ကြီးလေးသော အပြစ်အကုသိုလ်များကိုမူ မဖြစ်မနေ သောင်ဝ်ဗဟ် အမှားဝန်ခံမှု ပြုရန်လိုအပ်သည်။

فوائد الحديث

ဟဂ်ျသည် စိတ်နှလုံးသားကို ကာမဂုဏ်နှင့်သက်ဆိုင်သည့် ညစ်ညမ်းသောစကားပြောဆိုခြင်းနှင့် အပြစ်ကျူးလွန်ခြင်းတို့မှ စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ပေးသည်။

ဟဂ်ျသည် (ဟဂ်ျ)မပြုမီက ရှိခဲ့သော အပြစ်အကုသိုလ်တို့အား ပယ်ဖျက်ပေးသည်။

အပြစ်ကျူးလွန်ခြင်းကို အခြေနေတိုင်းတွင် တားမြစ်ထားသော်လည်း ဟဂ်ျတွင်လေးနက်စွာ တားမြစ်ရခြင်းမှာ မွန်မြတ်လှသော အရှင့်အိမ်တော်တွင် ကျင့်ဆောင်ရသည့် ဟဂ်ျကျင့်စဉ်များကို အလေးထားသောကြောင့် ဖြစ်သည်။

လူသားသည် အပြစ်မရှိဘဲ အကုသိုလ်များမှ ကင်းစင်စွာဖြင့် မွေးဖွားလာသည်။ ထို့ကြောင့် လူသားသည် အခြားသူ၏ အပြစ်ကို ထမ်းရွက်ထားသည်ဟူ၍ မရှိပေ။

التصنيفات

ဟဂ်ျနှင့်အွမ်ရဟ်၏ ထွတ်မြတ်မှု။