ကိယာမသ်ရှင် ပြန်ထမည့်နေ့တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတစ်ဦး၏ မီဇာန်ချိန်ခွင်၌ ကောင်းမြတ်သည့်…

ကိယာမသ်ရှင် ပြန်ထမည့်နေ့တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတစ်ဦး၏ မီဇာန်ချိန်ခွင်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားထက် အလေးချိန်ပိုစီးသည့် အရာဟူ၍မရှိပါ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော ညစ်ညမ်းသောအရာကို မုန်းတီးတော်မူသည်။

အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်ရှင် ပြန်ထမည့်နေ့တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတစ်ဦး၏ မီဇာန်ချိန်ခွင်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားထက် အလေးချိန်ပိုစီးသည့် အရာဟူ၍မရှိပါ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော ညစ်ညမ်းသောအရာကို မုန်းတီးတော်မူသည်။

[صحيح] [رواه أبو داود والترمذي]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တစ်ဦး၏ ချိန်ခွင်၌ အပြောအဆိုများ၊ လုပ်ရပ်များအနက် အလေးချိန်အစီးဆုံးအရာမှာ ကောင်းမြတ်သည့်ကိုယ်ကျင့်တရားပင်ဖြစ်သည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဟူသည် မျက်နှာချိုသာခြင်း၊ ဒုက္ခမှ ကာကွယ်ပေးခြင်း၊ ကောင်းကျိုးပြုခြင်း အစရှိသည်တို့ဖြစ်သည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော လုပ်ရပ်များ၊ စကားများနှင့် ရုန့်ရင်းကြမ်းတမ်းသော ညစ်ညမ်းသော အပြောအဆိုများကို မုန်းတီးတော်မူသည်။

فوائد الحديث

ကောင်းမြတ်‌သော ကိုယ်ကျင့်တရား၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ ကောင်းမြတ်‌သည့် ကိုယ်ကျင့်တရားသည် ယင်းကိုယ်ကျင့်တရား ပိုင်ရှင်အား အလ္လာဟ်အရှင်မြတ်၏ အချစ်နှင့် အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များ၏ အချစ်ကို ဆောင်ကြဥ်းပေးသည်။ ထို့ပြင် ၎င်းသည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် ချိန်တွယ်ခံရမည့် အရာများအနက်အလေးလံဆုံးလည်းဖြစ်သည်။

التصنيفات

ကောင်းမြတ်သည့် ကိုယ်ကျင့်တရား။, စကားပြောခြင်းနှင့် ဆိတ်ဆိတ်နေခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။