إعدادات العرض
လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား…
လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
الترجمة
العربية English Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली తెలుగు Bosanski ಕನ್ನಡ Kurdî മലയാളം Oromoo Română Soomaali Shqip Српски Українська Wolof Tagalog Moore தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Русский አማርኛ Italiano bm Македонскиالشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မိမိဆွလာသ်အား ခိုးဝှက်သူသည် လူတို့အနက် အဆိုးရွားဆုံး ခိုးဝှက်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်းသည် တစ်ခါတစ်ရံ လောကီဘဝတွင် အကျိုးဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဆွလာသ်သူခိုးမှာမူ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် မိမိရရှိမည့်အကျိုးကုသိုလ်ကို ခိုးဝှက်လိုက်ခြင်းဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်သာဝကကြီးများက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည်‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့ကို ကောင်းမွန်ပြည့်စုံစွာမပြုဘဲ အလျင်အမြန် ပြုလုပ်ခြင်းဖြစ်သည်။فوائد الحديث
ဆွလာသ်အား ကောင်းမွန်ပြည့်စုံစွာ ဆောက်တည်ခြင်း၏ အရေးပါမှုနှင့် ဆွလာသ်၏ ရုကွန်များကို အေးဆေးတည်ငြိမ်စွာဖြင့် ခယရိုကျိုးကာ ဆောင်ရွက်ရန် အရေးကြီးကြောင်း ဖော်ပြထားသည်။
ရုကူအ်၊စဂ်ျဒဟ်အား ကောင်းမွန်ပြည့်စုံစွာမပြုလုပ်သူအား ခိုးဝှက်သူဟု ခေါ်ဆိုထားခြင်းမှာ ထိုလုပ်ရပ်ကို ဟရာမ်ဖြစ်ကြောင်း သတိပေးရန်နှင့် ထိုလုပ်ရပ်မှ ရှောင်ကြဉ်ကြစေရန်အတွက် ဖြစ်သည်။
ဆွလာသ်၌ ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ပြည့်စုံစွာပြုခြင်း၊ ၎င်းတို့မှ ပြန်ထသည့်အခါ ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထားခြင်း ဝါဂျိဗ် တာဝန်ဖြစ်သည်။