إعدادات العرض
ကောင်းကင်တမန် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍…
ကောင်းကင်တမန် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍ ကောင်းမွန်စွာဆက်ဆံရန် အမြဲမှာကြားတော်မူသည်။ အဘယ်မျှထိဆိုသော် အိမ်နီးချင်းအား အမွေစားအမွေခံအဖြစ် သတ်မှတ်လိုက်မည်ဟုပင် ငါကိုယ်တော် ထင်မိခဲ့သည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းကင်တမန် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍ ကောင်းမွန်စွာဆက်ဆံရန် အမြဲမှာကြားတော်မူသည်။ အဘယ်မျှထိဆိုသော် အိမ်နီးချင်းအား အမွေစားအမွေခံအဖြစ် သတ်မှတ်လိုက်မည်ဟုပင် ငါကိုယ်တော် ထင်မိခဲ့သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português മലയാളം తెలుగు Kiswahili தமிழ் සිංහල Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands Hausa دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली тоҷикӣ Wolof Soomaali Български Українська Tagalog Azərbaycan ქართული bm Македонски Ελληνικά ភាសាខ្មែរ አማርኛ Malagasy Akan Oromooالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ကောင်းကင်တမန် ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်အား အိမ်နီးချင်းနှင့် ပတ်သက်၍ ထိုအိမ်နီးချင်းသည် မွတ်စ်လင်မ်ဖြစ်စေ၊ ကာဖိရ်ဖြစ်စေ၊ ဆွေမျိုးတော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ အလေးထားရန်နှင့် အိမ်နီးချင်း၏အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ၎င်းအား ဒုက္ခမပေးဘဲ ကောင်းကျိုးပြုရန်၊ ၎င်းတို့ပေးသည့်ဒုက္ခအပေါ် သည်းခံရန် အကြိမ်ကြိမ်မှာကြားခဲ့သည်။ အိမ်နီးချင်း၏ ဝတ္တရားကြီးမားမှုနှင့် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)၏ အကြိမ်ကြိမ်မှာကြားမှုတို့ကြောင့် လူတစ်ဦးသေဆုံးပြီးနောက် သူ၏အိမ်နီးချင်းကိုပါ အမွေခွဲဝေပေးရမည်ဟူသည့် ဝဟီဗျာဒိတ်တော် ကျရောက်လာမလားဟုပင် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထင်ခဲ့မိသည်။فوائد الحديث
အိမ်နီးချင်းနှင့် သက်ဆိုင်သည့် ဝတ္တရားသည်ကြီးမားပြီး ထိုဝတ္တရားများကို လေးစားလိုက်နာရန် တာဝန်ရှိသည်။
အိမ်နီးချင်းဝတ္တရားနှင့် ပတ်သက်၍ အလေးအနက်ထားမှာတမ်းခြင်းသည် ၎င်းတို့အားဂုဏ်ပေးလေးစားရန်၊ ချစ်ခင်ရန်၊ ကောင်းကျိုးပြုပြီး ဆိုးကျိုးကိုဖယ်ရှားပေးရန်၊ နာမကျန်းဖြစ်သည့်အခါ သွားရောက်မေးမြန်းရန်၊ ပျော်ရွှင်စရာကိစ္စများတွင် ဝမ်းမြောက်ကြောင်းပြောဆိုရန်နှင့် ဒုက္ခရောက်သည့်အခါ ဖြေသိမ့်ပေးရန်တို့ လိုအပ်ကြောင်း ဖော်ပြနေသည်။
အိမ်နီးနားချင်းများအနက် တံခါးပိုနီးသူ၏ ဝတ္တရားသည် ပို၍အရေးကြီးသည်။
အိမ်နီးချင်းအား ကောင်းကျိုးပြုပြီး ၎င်းတို့၏ အခက်အခဲဒုက္ခများကို ဖယ်ရှားပေးခြင်းသည် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ဖော်ဆောင်ပေးသော အစ္စလာမ့်တရားလမ်းစဥ်၏ ပြီးပြည့်စုံမှုပင်ဖြစ်သည်။