إعدادات العرض
မည်သူမဆို ငါကိုယ်တော်မြတ်ထံမှဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့ရာ ယင်းဟဒီးဆ်သည်…
မည်သူမဆို ငါကိုယ်တော်မြတ်ထံမှဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့ရာ ယင်းဟဒီးဆ်သည် ငါကိုယ်တော်၏ဟဒီးဆ်မဟုတ်ဟု ထင်ရသော ဟဒီးဆ်ဖြစ်နေပါက ထိုဆင့်ပြန်သူသည် ဟဒီးဆ်ကို တီထွင်ပြောကြားသူ သို့မဟုတ်ဆင့်ပြန်သူစသည့် မုသားပြောသူနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။
စမုရဟ်ဗင်န်သုဂျုန်ဒုဗ်နှင့်မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟုမာ)တိုက ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည် မည်သူမဆို ငါကိုယ်တော်မြတ်ထံမှဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့ရာ ယင်းဟဒီးဆ်သည် ငါကိုယ်တော်၏ဟဒီးဆ်မဟုတ်ဟု ထင်ရသော ဟဒီးဆ်ဖြစ်နေပါက ထိုဆင့်ပြန်သူသည် ဟဒီးဆ်ကို တီထွင်ပြောကြားသူ သို့မဟုတ်ဆင့်ပြန်သူစသည့် မုသားပြောသူနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල অসমীয়া Kiswahili Tiếng Việt ગુજરાતી Nederlands پښتو नेपाली മലയാളം Кыргызча Română Svenska Српски తెలుగు ქართული Moore Magyar Македонски Čeština Українська Azərbaycan Wolof Kinyarwanda Malagasy ไทย मराठी ਪੰਜਾਬੀ دری አማርኛ ភាសាខ្មែរ Lietuvių Deutsch ಕನ್ನಡ Oromoo Shqip தமிழ்الشرح
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းတင်ပြထားသည်မှာ အကြင်သူသည် ကိုယ်တော်မြတ်ထံတော်မှ ဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ရာ၌ ယင်းဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍လိမ်လည်လုပ်ကြံထားသောဟဒီးဆ်ဖြစ်ကြောင်း သိရှိပြီး သိုမဟုတ် ထင်ရပြီး ဆင့်ပြန်ပါက ထိုဆင့်ပြန်သူသည် ဤလိမ်လည်မှုကိုစတင်ဖော်ထုတ်ခဲ့သူနှင့်အတူပါဝင်သူဖြစ်ကြောင်းသတ်မှတ်ရပေမည်။فوائد الحديث
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ဟဒီးဆ်တော်များကို မဆင့်ပြန်မီအလျင် ယင်းဟဒီးဆ်သည် မှန်ကန်ခိုင်လုံကြောင်း အတည်ပြုရန်လိုအပ်သည်။
လိမ်လည်မှုကိုဖန်တီးသူ၊ လိမ်လည်မှုကိုဆင့်ပြန်သူ၊ လိမ်လည်မှုကို လူတိုထံဖြန့်ချိပေးသောသူများသည် လိမ်လည်သူပင်ဖြစ်ကြောင်းသတ်မှတ်ထားသည်။
လုပ်ကြံဟဒီးဆ်ကို လုပ်ကြံဟဒီးဆ်ဟုသိရှိပြီး သိုမဟုတ် ထင်မြင်ယူစပြီး ဆင့်ပြန်ခြင်းသည် ဟရာမ်ဖြစ်သည်။ သိုသော် လုပ်ကြံဟဒီးဆ်မှရှောင်ကြဉ်ရန်တိုက်တွန်းလိုသောအခါ ဆင့်ပြန်ခွင့်ရှိသည်။
