စွန္နဟ်၏အရေးပါမှုနှင့် ၎င်း၏ အဆင့်အတန်း။

စွန္နဟ်၏အရေးပါမှုနှင့် ၎င်း၏ အဆင့်အတန်း။

1- “ငါသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေစွာဖြင့် နေထိုင်ကြရန်နှင့်(အုပ်ချုပ်သူများ၏ အမိန့်ကို ) နာခံလိုက်နာကြရန် ဆုံးမညွှန်ကြားပါသည်။ ထိုအုပ်ချုပ်သူသည် ဟဗရှီကျွန်တစ်ဦးဖြစ်စေကာမူ (နာခံလိုက်နာကြလော့)။ ငါကိုယ်တော် ၏နောက်တွင် သင်တို့သည် အလွန်များပြားလှစွာသော ကွဲလွဲမှုဒွိဟများကို တွေ့မြင်ကြရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့သည် ငါကိုယ်တော်၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအိရာရှီဒီးန်(ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်ခလီဖဟ်ကြီးများ)၏ စွန္နသ် ( စံနမူနာ )လမ်းစဉ်ကို ခိုင်မြဲစွာ ကိုင်စွဲထားကြလော့

2- အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။

4- ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။