အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင်…

အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင် တစ်ဦးတစ်ယောက်က အသင်တို့၏ စုစည်းညီညွတ်မှုအား ပြိုကွဲစေရန်နှင့် အသင်တို့၏အုပ်စုအား အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပါက သင်တို့သည် ၎င်းသူအား သတ်ဖြတ်ကြလေကုန်။

အရ်ဖဂျဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင် တစ်ဦးတစ်ယောက်က အသင်တို့၏ စုစည်းညီညွတ်မှုအား ပြိုကွဲစေရန်နှင့် အသင်တို့၏အုပ်စုအား အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပါက သင်တို့သည် ၎င်းသူအား သတ်ဖြတ်ကြလေကုန်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] [မွတ်စ်လင်မ်ကျမ်း။]

الشرح

ပုန်ကန်သူများနှင့် အုပ်ချုပ်သူခေါင်းဆောင်၏ အမိန့်နာခံမှုအောက်တွင် စုစည်းညီညွတ်စွာ ရှိနေကြသည့် မွတ်စ်လင်မ်တို့၏ စည်းလုံးမှုကို ဖြိုခွဲလိုသူများအား သတ်ဖြတ်ရမည့်အကြောင်း ဤဟဒီးဆ်တော်၌ ပါရှိသည်။ မွတ်စ်လင်မ်တို့သည် ‘ခလီဖဟ်’ ခေါင်းဆောင်တစ်ဦးကို တစည်းတလုံးတည်းလက်ခံထားကြသည်။ ထို့နောက် ပြည်သူအားလုံး တညီတညွတ်တည်း လက်ခံထားသောခေါင်းဆောင်အားဖယ်ရှားရန် ကြိုးပမ်းအားထုတ်လိုသူတစ်ဦးသည် ၎င်းတို့ထံရောက်ရှိလာပါက ၎င်း၏ရန်မှကာကွယ်ရန်နှင့် မွတ်စ်လင်မ်တို့၏ အသက်သွေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုသူအား သေဒဏ်ချမှတ်ရသည်ပင်ဖြစ်စေ ပြစ်ဒဏ်ပေးရန် အရေးကြီးကြောင်းသိရှိရသည်။

فوائد الحديث

မွတ်စ်လင်မ်တို့အား အုပ်ချုပ်သည့် အာဏာပိုင်များ၏ အမိန့်ကိုနာခံရန် အရေးကြီးပြီး၊ ၎င်းတို့လက်အောက်မှ ခွဲထွက်ခြင်းကို တားမြစ်ထားသည်။

အကြင်သူသည် မွတ်စ်လင်မ်များအားလုံးတညီတညွတ်တည်း လက်ခံထားသော နိုင်ငံ့ခေါင်းဆောင်အား ပုန်ကန်ခွဲထွက်ပါက ထိုခွဲထွက်သူသည် ဂုဏ်အရှိန်အဝါ၊ မျိုးရိုး အဆင့်အတန်း မည်မျှပင် မြင့်မားသည်ဖြစ်စေ ၎င်းအားသတ်ဖြတ်ရန်တာဝန်ရှိသည်။

ဟဒီးဆ်တော်၌ ပေါ်လွင်နေသော အဓိပ္ပါယ်အရ ခွဲထွက်သူသည် တစ်ဦးတည်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ၎င်းတို့အားသတ်ဖြတ်ရမည်ဖြစ်သည်။ သို့သော် အုပ်စုလိုက်ခွဲထွက်သူတို့၌ လက်နက်၊ လူအင်အားနှင့်ပြည့်စုံပြီး အဖွဲ့ဝင်များသည် ကျိုးကြောင်းဆီလျော်စွာဖြင့် ခွဲထွက်ပါက ၎င်းတို့အားသူပုန်ဟု ခေါ်သည်။ အကယ်၍ ခွဲထွက်သူများ၌ ထိုသို့အကျိုးအကြောင်းမရှိဘဲ အာဏာရလိုသော ဆန္ဒသာရှိခဲ့လျှင် ၎င်းတို့အား ဓားပြနှင့်သက်ဆိုင်သော ဥပဒေများဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်သည်။

စည်းလုံးညီညွှတ်ကြရန်နှင့် ခွဲထွက်ခြင်း၊ အကွဲအလွဲဖြစ်ခြင်းတို့ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

التصنيفات

‘အိမာမ်’ခေါင်းဆောင်အောက်မှ ခွဲထွက်ခြင်း။