ကုရ်ဗာနီပြုလုပ်ခြင်း။

ကုရ်ဗာနီပြုလုပ်ခြင်း။

1- အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသော သိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့သည်။ ထိုသိုးနှစ်ကောင်လုံးကို မိမိ၏လက်တော်ဖြင့် ကိုယ်တိုင် ဇဗဟ်လုပ်ခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်ပေါ် တွင် တင်ထားတော်မူခဲ့သည်။