ဟဒီးဆ်တော်များ ရေးသားပြုစုခြင်း။

ဟဒီးဆ်တော်များ ရေးသားပြုစုခြင်း။

2- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့သည့်အရာတိုင်းကို ကျက်မှတ်လို၍ ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားခြင်းကို ကုရိုင်ရှ်တို့က ကျွန်ုပ်အားတားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိသမျှကို ရေးမှတ်လေသလော။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတစ်ဦးပင်ဖြစ်ပြီး ဒေါသထွက်သည့်အခါ၌ဖြစ်စေ၊ စိတ်ကျေနပ်သည့်အခါ၌ဖြစ်စေ စကားပြောဆိုတတ်သည်။ ထိုအခါ ကျွန်တော်သည်ရေးမှတ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ကျွန်တော်သည် ထိုအကြောင်းရာကို ကိုယ်တော့်အားတင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိနှုတ်တော်အား မိမိ၏လက် ချောင်းဖြင့် ညွှန်ပြ၍ မိန့်ကြားတော်မူသည်မှာ @အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။