ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းမှုမှ တားမြစ်ခြင်း။

ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းမှုမှ တားမြစ်ခြင်း။

1- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။

2- အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီး အရှင်မြတ်၏သာသနာအပေါ် မြဲမြဲနေသူနှင့် အရှင်မြတ်၏တရားတော်ကို ဆန့်ကျင်ပြီး ပြစ်မှုဒုစရိုက်ထဲ ကျရောက်သွားသူ၏ ပမာသည် သင်္ဘောတစ်စင်းတွင် (စီးနင်းရမည့်နေရာကို) မဲနှိုက်ဆုံးဖြတ်ခဲ့ကြသောလူတစ်စုနှင့် ပမာတူသည်။ အချို့သည် သင်္ဘောအပေါ်ထပ်တွင် နေရာရခဲ့ကြပြီး အချို့သည် သင်္ဘောအောက်ထပ်တွင် နေရာရခဲ့ကြသည်