ဆေးဝါး၊ ဆေးကုသမှုနှင့် တရားတော်လာ မန်းမှုတ်ခြင်း။

ဆေးဝါး၊ ဆေးကုသမှုနှင့် တရားတော်လာ မန်းမှုတ်ခြင်း။

3- သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။

6- အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ - (أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) (အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။