စိတ်အလိုရမ္မက်များကို ရှုံ့ချခြင်း။

စိတ်အလိုရမ္မက်များကို ရှုံ့ချခြင်း။

4- “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။

5- လူသား ဖြည့်ခဲ့သောအရာတွင် ဝမ်းဗိုက်ထက်ပို၍ ဆိုးယုတ်သော အိုးခွက်မရှိ‌ပေ။ လူသားအတွက် သူ့ကျောရိုးကို မတ်မတ်ထားရန် လောက်ငှသော အနည်းငယ်မျှသော အစားအစာသာလိုအပ်သည်။ အကယ်၍ ပို၍စား‌သောက်ရန်လိုအပ်ပါက ဝမ်းဗိုက်၏သုံးပုံတစ်ပုံကို စားရန်အတွက်၊ သုံးပုံတစ်ပုံကို သောက်ရန်အတွက်နှင့် သုံးပုံတစ်ပုံကို အသက်ရှုရန်အတွက် ချန်ထားရမည်။