ဟဒီးဆ်တော်နှင့် ၎င်း၏ပညာရပ်များ။

ဟဒီးဆ်တော်နှင့် ၎င်း၏ပညာရပ်များ။

1- အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် ၎င်းသည် သူနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။

2- ကောင်းစွာမှတ်သားကြလေကုန်၊ ငါကိုယ်တော်၏ ဟဒီးဆ်တော်တစ်ပုဒ်သည် လူတစ်ဦးထံသို့ ရောက်ရှိသည့်အခါ ထိုသူသည် မိမိ၏သလွန်ပေါ်တွင် မှီလျက် အသင်တို့နှင့် ကျွန်ုပ်တို့ကြားတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ရှိသည်။ * ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟလာလ်ဟုတွေ့ရသောအရာကို ဟလာလ်ဟုမှတ်ယူမည်။ ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟရာမ်ဟုတွေ့ရသောအရာကို ဟရာမ်ဟု မှတ်ယူမည်ဟု ပြောကြားလိမ့်မည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် တားမြစ်ထားသောအရာသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာနှင့် အတူတူပင်ဖြစ်သည်။

3- တစ်နေ့‌သောအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့ကြားတွင် မတ်တတ်ရပ်‌တော်မူပြီး စိတ်နှလုံးများကို ကြောက်ရွံ့စေကာ မျက်လုံးများမှ မျက်ရည်များစီးကျစေသည့်ဆုံးမစကားမျိုးကို ကျွန်တော်တို့အား မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား မှာတမ်းစကား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- «@ ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။* ထို့ပြင် အသင်တို့သည် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြပါ။ ဧကန်မုချ (ဗိဒ်အသ်) တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားမှုပင်ဖြစ်သည်။

6- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့သည့်အရာတိုင်းကို ကျက်မှတ်လို၍ ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားခြင်းကို ကုရိုင်ရှ်တို့က ကျွန်ုပ်အားတားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိသမျှကို ရေးမှတ်လေသလော။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတစ်ဦးပင်ဖြစ်ပြီး ဒေါသထွက်သည့်အခါ၌ဖြစ်စေ၊ စိတ်ကျေနပ်သည့်အခါ၌ဖြစ်စေ စကားပြောဆိုတတ်သည်။ ထိုအခါ ကျွန်တော်သည်ရေးမှတ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ကျွန်တော်သည် ထိုအကြောင်းရာကို ကိုယ်တော့်အားတင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိနှုတ်တော်အား မိမိ၏လက် ချောင်းဖြင့် ညွှန်ပြ၍ မိန့်ကြားတော်မူသည်မှာ @အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။