ဆွဟာဗဟ်များ။

ဆွဟာဗဟ်များ။

1- ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ်သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ်သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိရလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။