အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်ခြင်း။

အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်ခြင်း။

2- အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။

4- စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက သာသာနာသည် သူ့ကိုလွှမ်းမိုးသွားပေမည်။ (ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။) ထို့ကြောင့် အသင်တို့သည် (ကျင့်ဆောင်ရာ၌လွန်ကျူးမှုနှင့်ပေါ့လျော့မှုမရှိဘဲ) အလယ်အလက်ကို ကျင့်ဆောင်ကြပါ။ အသင်တို့သည် (ခဝပ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက) အနီးစပ်ဆုံးကို ကျင့်ဆောင်ကြပါ။

5- အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။