အရောင်းအ၀ယ်ဆိုင်ရာ ဖိကဟ်။

အရောင်းအ၀ယ်ဆိုင်ရာ ဖိကဟ်။

5- ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။

8- အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။

11- မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏ အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။

12- “ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို မုယောစပါးဖြင့်လည်းကောင်း၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့်လည်းကောင်း၊ ဆားကို ဆားဖြင့်လည်းကောင်း (လဲလှယ်ရာတွင်) အတိုင်းအတာ သို့မဟုတ် အလေးချိန် ချင်းတူညီရမည်။ ပြီးလျှင် လက်ငင်းလဲလှယ်ရမည်။ အကယ်၍ ဤအရာများသည် အမျိုးအစား ကွဲပြားပါက ချက်ချင်းလက်ငင်းလဲဖြစ်ပါလျှင် သင်တို့အလိုရှိသလို ရောင်းချကြလော့။”