ဟဂ်ျနှင့် အွမ်ရဟ်။

ဟဂ်ျနှင့် အွမ်ရဟ်။

7- အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။

8- အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသော သိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့သည်။ ထိုသိုးနှစ်ကောင်လုံးကို မိမိ၏လက်တော်ဖြင့် ကိုယ်တိုင် ဇဗဟ်လုပ်ခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်ပေါ် တွင် တင်ထားတော်မူခဲ့သည်။

10- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သလ်ဗီယဟ်မှာ အောက်ပါအတိုင်းဖြစ်သည်- «لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» (ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ဧကန်စင်စစ် ချီးမွမ်းခြင်းအ‌ပေါင်းနှင့် နိအ်မသ်ကျေးဇူးတော်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။)